#World_Health
Published 02 April 2024


အိပ်ရာမဝင်ခင် တစ်နာရီခန့်အလိုမှာ ချောကလက်မည်း စားသုံးဖြင်းဖြင့် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်စေကြောင်း ပညာရှင်များက ဆိုပါတယ်။

 

ချောကလက်မည်းတွေဟာ အာဟာရဓာတ် ကြွယ်ဝရုံမက လူတွေကို စိတ်ပြေလျော့စေနိုင်တဲ့ ဆယ်ရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

 

ဒါ့အပြင် အိပ်ရာမဝင်ခင်မှာ ငှက်ပျောသီး၊ အခွံမာသီးများ၊ မြေပဲထောပတ်တို့ကလည်း အလားတူ အကျိုးကျေးဇူး ပေးစွမ်းနိုင်ပါတယ်။

 

မြေပဲထောပတ်ကို နောက်ကျမှ စားသုံးခြင်းဖြင့် အိပ်စက်မှုကို ကောင်းမွန်စေသလို သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ကြွက်သားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတယ်လို့ Bed Kingdom မှ ပညာရှင်များက ရှင်းပြပါတယ်။

 

 ငှက်ပျောသီးကတော့ မဂ္ဂနီဆီယမ်ပါဝင်ပြီး ကိုယ်တွင်းလည်ပတ်မှု ဖြစ်စဥ်များကို မျှတအောင် ထိန်းညှိပေးကာ မယ်လာတိုနင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

 

ပြောင်းဖူးပေါက်ပေါက်ဟာလည်း ထရစ်ပ်တိုဖန်ပါဝင်ကာ ဆယ်ရိုတိုနင်ကို ထုတ်လုပ်ပေးပါတယ်။

 

ဒိန်ခဲဟာဆိုရင် ဗိုက်ပြည့်တင်းစေတာကြောင့် အိပ်နေစဥ် ဆာလောင်ပြီး နိုးထတာမျိုး မဖြစ်စေပါဘူး။

 

#World_Health #နှစ်ခြိုက်စွာအိပ်ပျော်ရန် #အိပ်ရာမဝင်ခင်ဘာစားသင့်သလဲ #Source: New York Post