#World_Health
Published 02 April 2024


ချိုချဥ်သကြားလုံး၊ ရေခဲမုန့်တို့လို ဆိုးဆေးပါတဲ့ စားစရာတွေကို ကလေးတွေက ပိုမိုစားသုံးမိကြပြီး ဆိုးဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ကလေးဘဝတွေကတည်းက သက်ရောက်နေခဲ့ပါတယ်။

 

အစားအစာတွေမှ အရောင်ဆိုးဆေး အနည်းငယ်မျှ စားသုံးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနတွေက အသိအမှတ်ပြုထားပေမယ့် အနည်းငယ်မျှ စားသုံးရုံဖြင့် ကျန်းမာရေးထိခိုက်နိုင်တာကြောင့် တတ်နိုင်သမျှ အနည်းဆုံးသာ စားသင့်ပါတယ်။

 

မုန့်အများစုမှာ ကလေးတွေအတွက် အန္တရာယ်အပေးနိုင်ဆုံး တာထရာဇင်း အများအပြား ပါဝင်နေပါတယ်။

 

ဒီလိုအရောင်ဆိုးဆေးတွေကို အလွန်အကျွံစားသုံးမိပါက ဆတ်ဆတ်ထိမခံ အပြုအမူမျိုးတွေ့ရပြီး ထိုအရာတွေကို ရှောင်ရှားလိုက်ပြီး ဆိုးဆေးမပါတာတွေ ပြောင်းကျွေးလိုက်ပါက ကဏာမငြိမ် အပြုအမူမျိုးတွေ ပျောက်သွားတယ်လို့ သိပ္ပံနည်းကျ လေ့လာချက်တွေ မြင်တွေ့ရပါတယ်။

 

ထုပ်ပိုးမှုတွေမှာ အရောင်တွေပါဝင်ပေမယ့် အထဲက ဒိန်ခဲ ဒိန်ချဥ်တို့ကတော့ သဘာဝအရောင်သာ ဖြစ်တာကြောင့် ကလေးတွေအတွက် ပြဿနာမဖြစ်စေပါဘူး။

 

အချို့သော သကြားလုံးတွေကလည်း အရောင်တွေဖြင့် ထုပ်ပိုးထားတတ်ပြီး သဘာဝအရောင်သာပါဝင်တာမျိုးကို သေချာရွေးချယ်သင့်ပါတယ်။

 

#World_Health #ဆိုးဆေးပါသောစားစရာ #ကျန်းမာရေးကိုထိခိုက်စေ #Source: The Jerusalem Post