Published 28 March 2024
အူမကြီးကင်ဆာဝေဒနာသည်တွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၂ ခွက်မှ ၄ ခွက်ခန့် သောက်သုံးခြင်းဖြင့် ရောဂါပြန်ဖြစ်နိုင်ခြေ နည်းပါးကာ အသက်ဆုံးရှုံးနိုင်ခြေ ကျဆင်းနိုင်တယ်လို့ မကြာသေးမီက သုတေသန တွေ့ရှိထားပါတယ်။

နယ်သာလန်နိုင်ငံမှာ အူမကြီးကင်ဆာ ဝေဒနာရှင် ၁၇၀၀ ကျော်ကို လေ့လာခဲ့ပြီး ကော်ဖီသောက်ခြင်းနဲ့ ရောဂါပြန်ဖြစ်ခြင်းတို့ကြား ဆက်စပ်နေပုံကို တွေ့ရှိခဲ့ကြပါတယ်။

တစ်နေ့ကို ၂ ခွက်ခန့်သောက်သုံးခြင်းက ကင်ဆာဖြစ်နိုင်ခြ လျော့ကျနိုင်သလို  ၅ ခွက်နဲ့အထက် သောက်သုံးသူတွေမှာတော့ အများဆုံးလျော့ကျနေပါတယ်။

ကော်ဖီများများသောက်ခြင်းက အူမကြီးကင်ဆာ ဝေဒနာသည်တွေမှာ အသက်ရှင်နှုန်းမြင့်မားစေတာ ဖြစ်ပါတယ်။

ကော်ဖီပုံမှန်သောက်သုံးခြင်းက အူမကြီးကင်ဆာ ခံစားနေရသူတွေမှာ အကျိုးကျေးဇူးဖြစ်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိရပါတယ်။

အကျိုးကျေးဇူးရှိစေတယ်ဆိုပေမယ့် ပမာဏကိုတော့ သတိပြုမိဖို့ လိုအပ်ပါတယ်။

အူမကြီးကင်ဆာနဲ့ ပတ်သက်လို့ ကော်ဖီရဲ့သက်ရောက်မှု အကြောင်းအရင်းတွေကို သိရှိရဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါသေးတယ်။

ကော်ဖီနဲ့ ကိုက်လံတို့မှာပါဝင်တဲ့ ကလိုရိုဂျင်းနစ်အက်ဆစ်က ဂလူးကို့စ်နဲ့ အင်ဆူလင်ထိန်းချုပ်မှုမှာ ပတ်သက်နေတယ်လို့ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့က ဆိုပါတယ်။

 

#World_Health
#တစ်နေ့ကိုကော်ဖီ(၂)ခွက်မှ(၄)ခွက်သောက်သုံးပါကအူမကြီးကင်ဆာ
#Source: WION.