Published 26 March 2024

သိပ္ပံပညာရှင်တွေဟာ ရောဂါကူးစက်ထားတဲ့ ဆဲလ်များမှ HIV ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး ရောဂါကုသမှု ရရှိရန် မျှော်လင့်ချက် တိုးလာပြီဖြစ်ပါတယ်။

အမ်စတာဒမ် UMC မှ အဖွဲ့ဟာ မျိုးဗီဇပြုပြင်ခြင်းနည်းပညာကို အသုံးပြုပြီး ဓာတ်ခွဲခန်းထဲမှာ ဆဲလ်တွေထဲက ဗိုင်းရပ်စ်အစအနအားလုံးကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

နယ်သာလန်သုတေသီအဖွဲ့က မျိုးဗီဇပြုပြင်ခြင်းနည်းပညာဖြင့် တိရိစ္ဆာန်တွေ၊ အပင်တွေ၊ အဏုဇီဝပိုးမွှားတွေရဲ့ ဒီအင်န်အေကို အလွန်တိကျစွာ ပြောင်းလဲနိုင်ပါတယ်။

ဒီအင်န်အေမှာ လိုချင်တဲ့နေရာကို အတိအကျဖြတ်တောက်ပြီး ဆဲလ်တွေမှာ HIV ကူးစက်ခြင်းကို လုံးဝဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်က ဒီအင်န်အေထဲမှာ အသေအချာ တွယ်ဝင်နေတာကြောင့် HIV ဟာ ကုသရ အလွန်ခက်ခဲပါတယ်။

အမျိုးမျိုးသော ဆဲလ်တွေထဲက HIV မျိုးကွဲတွေအားလုံးကို ဖျက်ဆီးနိုင်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းဖြစ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်ကို ဒီလိုမျိုး လက်တွေ့ဖျက်ဆီးဖို့အတွက် နောက်ထပ်သုတေသနများ ပြုလုပ်ရန် လိုအပ်သေးတယ်လို့ သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။

နောက်ထပ်ဦးတည်ချက်ကတော့ ဗိုင်းရပ်စ်မကူးစက်တဲ့ဆဲလ်တွေကို မထိစေဘဲ HIV ကူးစက်ထားတဲ့ ဆဲလ်တွေကိုသာ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီနည်းပညာက အောင်မြင်နိုင်ခြေရှိပေမယ့် ရေရှည်ကုသရာမှာတော့ ပိုးသတ်ဆေးတွေ လိုအပ်နိုင်ပါသေးတယ်။
Source: New York Post.
#World_Health
#Published_ 26 March 2024
#YMG_News #Yangon_Times #Yangon_Media_Group