Published 25 March 2024 
 
အရေးပေါ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ ပူနမ်ဒဲဆိုင်က ကျန်းမာနေစေရန် ကြက်သွန်နီ ပုံမှန်စားသုံးတဲ့အကြောင်းကို တစ်တော့ဗီဒီယိုမှာ မျှဝေလိုက်ပါတယ်။ 
 
ကြက်သွန်နီမှာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းဆန့်ကျင်ခြင်း ဖြစ်စေတဲ့ ကွာဆယ်တင်လို့ခေါ်တဲ့ ဓာတ်ပါဝင်ကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ကြောင်း ရှင်းပြသွားပါတယ်။ 
 
အနီရောင်ရှိတဲ့ ကြက်သွန်နီတွေမှာ ကွာဆယ်တင်ဓာတ် ပိုပါဝင်ပြီး ချက်စားမယ်ဆိုရင် ထိုဓာတ်လျော့ပါးသွားတာကြောင့် အစိမ်းလိုက်စားခြင်းက အကျိုးကျေးဇူးအများဆုံး ရရှိစေမယ်လို့ ဆိုပါတယ်။ 
 
ကြက်သွန်နီအခွံ ခွာလိုက်ပြီးနောက် အပြင်ဘက်ဆုံးအလွှာက အတွင်းလွှာတွေထက် ကွာဆယ်တင် ပိုမိုပါဝင်ပါတယ်။ 
 
ကြက်သွန်နီ အစိမ်းလိုက် မစားချင်ရင်တော့ ဝိုင်နီ၊ လက်ဖက်ခြောက်၊ ဘယ်ရီသီးတွေနဲ့ ပန်းသီးတို့မှာလည်း ကွာဆယ်တင် ပါဝင်ပါတယ်။ 
 
ပန်းသီးတွေဟာ အမျှင်ဓာတ်ကြွယ်ဝပြီး နာတာရှည်ရောဂါများ ကာကွယ်ပေးတဲ့ အပင်အခြေပြု ဖိုင်တိုဓာတုပစ္စည်းဒြပ်ပေါင်းများ အမြောက်အများ ပါဝင်ပါတယ်။  
Source: New York Post. 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times