Published: 30 November 2021

လာမယ့်ဆယ်စုနှစ်မှာ ပထဝီနိုင်ငံရေးကို တော်လှန်ပြောင်းလဲနိုင်တဲ့ အေအိုင်လို့ခေါ်တဲ့ဉာဏ်ရည်တုကို တရုတ်နှင့်ရုရှားတို့လို့ တစ်ဖက်ကမ်းခပ်ဖြစ်အောင် ပြိုင်ဆိုင်နေကြတယ်လို့ ဗြိတိန်ရဲ့ နိုင်ငံခြားစပိုင်ဌာန MI6အကြီးအကဲက အင်္ဂါနေ့မှာ သတိပေး လိုက်ပါတယ်။

လန်ဂလေနှင့်လန်ဒန်ကနေ မော်စကိုနှင့်ဘေဂျင်းအထိ ကမ္ဘာ့စပိုင်တွေဟာ နှစ်ထောင်ချီသက်တမ်းမင်းမူနေတဲ့ လူကိုအရင်းပြု လှုပ်ရှားဆောင်ရွက်တဲ့ စပိုင်လုပ်ငန်းတွေကို စိန်ခေါ်လိုက်တဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေနှင့် လုံးထွးနေကြရပါတယ်။

ကွမ်တမ်အင်ဂျင်နီယာပညာ၊ဇီဝအင်ဂျင်နီယာပညာ၊အချက်အလက်ရတနာသိုက်တွေနှင့် ခေတ်ရှေ့ပြေး ကွန်ပျူတာစွမ်းအား တို့ ဟာ အနောက်နိုင်ငံတွေက ရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ဗြိတိန်စပိုင်အဖွဲ့ MI6ရဲ့ အကြီးအကဲ ရစ်ချတ်မိုးက  ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ရန်ဖက်တွေက အေအိုင်ဉာဏ်ရည်တု၊ကွမ်တမ်ကွန်ပျူတာပညာနှင့် synthetic biology မှာ ဆရာကြီးတွေ ဖြစ်အောင် ပိုက်ဆံတွေအများကြီးပစ်ချသုံးနေတယ်။ ရည်မှန်းချက်တွေထားနေတယ်။ ဒီပညာတွေ တစ်ဖက်ကမ်းခပ်တတ် မြောက်ရင် သူတို့ကိုအရှိန်အဝါဩဇာရမယ်ဆိုတာ သူတို့သိနေကြတယ်” လို့ လူလုံးထုတ်ပြခဲတဲ့ ရစ်ချတ်မိုးက အင်္ဂါနေ့တုန်းက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၀မှာ အမ်အိုင်-၆ ရဲ့အကြီးအကဲဖြစ်လာတဲ့ မိုး ဟာ သံတမန်ဟောင်းတစ်ဦးဖြစ်ပါတယ်။ လာမယ့်ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေက ယခင်ရာစုနှစ်ကနည်းပညတိုးတက်တာတွေကို ကျော်ဖြတ်တက်သွားလိမ့် မယ်လို့လည်း သူကဆိုပါတယ်။

“ ပထဝီနိုင်ငံရေးအပေါ် ဒီ ပြက်ပြက်ထင်အချက်လက်တွေနှင့်ရိုက်ခတ်မှုအလားအလာတွေကို ကျွန်တော်တို့ အဖွဲ့အတွင်း  မဆွေးနွေးရသေးဘူး။ ဒါပေမယ့် ဒါဟာ အမ်အိုင်-၆အတွက်တော့ အပူတပြင်းအာရုံစိုက်စရာတစ်ခုပဲ” လို့သူကပြောပါတယ်။

အနောက်စပိုင်တွေအတွက် စိတ်ပူစရာတစ်ခုက ရုရှားနှင့်တရုတ်စပိုင်အေဂျင်စီတွေဟာ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေရဲ့ စွမ်းအားကို ထိန်းချုပ်အသုံးချဖို့ အလောတကြီးလုပ်ဆောင်နေကြတယ်။ တစ်ခါတစ်ခါ သူတို့ရဲ့ ခြေလှမ်းတွေက အနောက်ထက်မြန်နေပါတယ်။

ဘေဂျင်းဟာ ဆယ်စုနှစ်များအတွင်း အဓိကအရေးပါလှတဲ့ ထွန်းသစ်စနည်းပညာတွေအားလုံး အထူးသဖြင့် အေအိုင် ဉာဏ်ရည်တု၊ synthetic biology နှင့် မျိုးဗီဇနည်းပညာတွေ အပိုင်စီးသွနိုင်တာကို အနောက်အုပ်စုစပိုင်တွေက ကြောက်ရွံ့နေကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း၄၀အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးနှင့်စစ်ရေး ကြီးထွားလာမှုတွေဟာ အထင်ရှားဆုံးသော မျက်မှောက်  ခတ် ပထဝီနိုင်ငံရေးအဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ပါတယ်။

 ဂျွန်လေးကာရီရဲ့ ဂျော့စမိုင်းလေကနေ အိုင်ယန်ဖလမ်မင်းရဲ့ ဂျိမ်းစ်ဘွန်းအထိ ဝတ္တုရေးဆရာတွေ ချယ်မှုန်းလိုက်တဲ့ အမှတ်ရစရာအကောင်းဆုံး စပိုင် ဇာတ်လမ်းတွေထဲက စပိုင်တွေရဲ့အလုပ်ရှင်ဖြစ်ခဲ့တဲ့ MI6ဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ လုပ်ငန်းဆောင်တာတွေဆောင်ရွက်နေပြီး ဗြိတိန်နိုင်ငံနှင့်သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနေတာဖြစ်ပါတယ်။

သူတို့ရဲ့လုပ်ငန်းတွေကို နည်းပညာသစ်တွေနှင့်ထိန်းချုပ်မောင်းနှင်ဖို့ ပြောင်းလဲရမယ်လို့ မိုး ကပြောပါတယ်။

“ ကမ္ဘာလုံးဆိုင်ရာ နည်းပညာလုပ်ငန်းကြီးကို ပုံတူးကူးဖို့ မျှော်လင့်လို့မရဘူး။ ကျွန်တော်တို့က နားလည်ကျွမ်းကျင်အောင် လုပ်ရမယ်။ ကျွန်တော်တို့ လျို့လျှို့ဝှက်ဝှက်ဆက်နေဖို့ ပိုပြီးဖွင့်ပေးရလိမ့်မယ်” လို့ သူကပြောပါတယ်။

 Source Reuters