#World_Discovery
Published 15 March 2024


တွေ့ရှိချက် အထောက်အထားသစ်အရ နို့တိုက်သတ္တဝါတွေကသာ နို့ချိုထုတ်လုပ်ပေးနိုင်တာ မဟုတ်ဘဲ တီကောင်နဲ့ဆင်တူတဲ့ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း သတ္တဝါတစ်မျိုးဟာလည်း နို့တိုက်တဲ့ အပြုအမူမျိုးတွေ့ရပါတယ်။

 

ဖားနဲ့ ကင်းလိပ်ချောလိုမျိုး သတ္တဝါဖြစ်တဲ့ ဆေစီလီယန် (Siphonops annulatus)တွေဟာ ခြေလက်မဲ့သတ္တဝါများ ဖြစ်ပြီး အကောင်ပေါက်များအတွက် နို့ကဲ့သို့အရာကို ထုတ်လုပ်ပေးပါတယ်။

 

လေ့လာချက်ထဲမှာ အကောင်ပေါက်လေးတွေက သူတို့ရဲ့မိခင်ကို နို့ရည်ပိုတိုက်ပေးစေချင်နေတဲ့ အနေအထား မြင်တွေ့ရပြီး ကုန်းနေရေနေသတ္တဝါတွေမှာ ယခင်က မတွေ့ရဘူးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

 

အဆိုပါ ရှာဖွေတွေ့ရှိချက်အတွက် ဘီဘီစီစီးရီး Life in Cold Blood ကို ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။

 

ဆေစီလီယန်မိခင်နဲ့ ကလေးတွေကို ကိုယ်တွင်းကြည့်ကင်မရာဖြင့် သုတေသီများ ကြည့်ရှုခဲ့ကြပါတယ်။

 

အကောင်ပေါက်လေးတွေက အလွန်နို့ဆာနေတဲ့အတွက် မိခင်ရဲ့ အပြင်အသားလွှာဖြူကနေ နို့စို့နေကြပါတယ်။

 

ထိုအရေပြားဟာ အလွန်အာဟာရ ပြည့်ဝပြီး ပရိုတိန်းတွေ အဆီတွေ ပါဝင်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။



အာဟာရပြည့်ဝနေတဲ့ အရေပြားဆီက နို့ရည်တစ်လုတ်စာဖြင့်တော့ အကောင်ပေါက်လေးတွေ ကြာရှည်ခံနိုင်ရည် မရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒါကြောင့် အခြားဖြစ်စဥ်ကိုလည်း ဦးတည်ကြရပါတယ်။

 

ကလေးတွေရဲ့ဦးခေါင်းတွေက မိခင်ရဲ့ နို့ရည်ထွက်အပေါက်မှာပဲ အမြဲရှိနေပြီး အချို့ဆိုရင် ခေါင်းကအထဲပင် ရောက်နေတယ်လို့ ဘရာဇီးလ် ဘူတန်တန်တက္ကသိုလ်မှ စာတမ်းပြုစုသူ ကားလို့စ်ဂျဲရတ်ဒ်က ဆိုပါတယ်။

 

နို့ရည်ပြွန်တွေကနေ သကြားတွေနဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်တဲ့ နို့ရည်ကဲ့သို့အရာများ ထုတ်လုပ်ပေးကာ လူတွေနဲ့ နွားတွေမှာလိုမျိုး ဖြစ်ပါတယ်။

 

နို့တိုက်သတ္တဝါတွေလိုပဲ ဆေစီလီယန် အကောင်ပေါက်တွေဟာလည်း သူတို့အမေကို နို့ရည်ပိုမိုထုတ်ပေးဖို့ တောင်းဆိုတဲ့သဘော မြင်တွေ့ရပါတယ်။

 

ဒီလိုသတ္တဝါတွေမှာ ယခုလိုတွေ့ရှိရတာဟာ မှတ်သားစရာကောင်းတယ်လို့ ဖလော်ရီဒါသဘာဝသမိုင်းပြတိုက်မှ မာဆယ်ကိုတေက ပြောပြလိုက်ပါတယ်။

 

#World_Discovery #နို့ချိုထုတ်လုပ် #ကုန်းနေရေနေသတ္တဝါတစ်မျိုး #Source: WION