Published 12 March 2024

လူအများစုက ကိုယ်အလေးချိန် ကျစေရန်နဲ့ နှလုံးကျန်းမာရေး ကောင်းမွန်စေရန် ရည်ရွယ်ကာ အစားအသောက်များ ချင့်ချိန်စားသုံးကြပေမယ့် ဦးနှောက်အတွက်တော့ မစဥ်စားမိကြပါဘူး။

ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်စေရန်နဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့ တိုးတက်စေရန် အကူအညီဖြစ်စေနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။

ထိုအစားအစာတွေက ဦးနှောက်လုပ်ဆောင်ချက် မြှင့်တင်ပေးနိုင်ရုံမက ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရရှိစေနိုင်ပါတယ်။

အာဟာရပညာရှင် အန်မာမီအက်ဂါဝယ်လ်က ဖရုံစေ့အကြောင်း ဖော်ပြသွားပါတယ်။

ဖရုံစေ့မှာ မဂ္ဂနီဆီယံ ကြွယ်ဝစွာပါဝင်ပြီး ဓာတုဇီဝဖြစ်စဥ် အမျိုးမျိုးအတွက် အရေးပါပါတယ်။

မဂ္ဂနီဆီယံက အာရုံကြောဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပြီး ဦးနှောက်ထဲမှာ အချက်အလက်များ ပေးပို့ခြင်းကို ထောက်ကူပေးပါတယ်။

ဒါ့အပြင် ဦးနှောက်အတွက် အကျိုးပြုတဲ့ ဇင့်၊ ကြေးနီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်များ ဘေးအန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်။

အန်မာမီက အင်စတာဂရမ်ဗီဒီယိုထဲမှာ ဒိန်ချဥ်ခွက်ထဲသို့ ဖရုံစေ့ထည့်စားနေတာကို မြင်တွေ့ရပါတယ်။

အုတ်ကွေကာ၊ ဖျော်ရည်၊ မစ်ရှိတ်၊ စွပ်ပြုတ်တို့မှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။  
Source: DoctorNDTV.
#World_Health
#Published_ 12 March 2024
#YMG_News #Yangon_Times #Yangon_Media_Group