Published 11 March 2024

ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အစားအသောက် စတဲ့ အချက်တွေက မှတ်ဉာဏ်ပိုင်းကို သက်ရောက်မှုရှိနေပါတယ်။

အာဟာရနဲ့ ပတ်သက်လာရင် ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ခြင်းက အရေးပါဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။

ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ပါက ခန္ဓာကိုယ်ထဲမှာ ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ပြီး မှတ်ဉာဏ်ဆိုးဆိုးရွားရွား ဆုံးရှုံးတာလည်း ပါဝင်နေပါတယ်။

ရင်းနှီးချစ်ခင်သူတွေရဲ့ နာမည်တွေကို မေ့လျော့တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

ဗိုက်တာမင် ဘီ၁၂ ကို အမဲသား၊ ကြက်သား၊ ငါးတို့မှာ တွေ့ရသလို ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့ရပါတယ်။

အသားစားတဲ့ သူတွေမှာတောင် ဘီ၁၂ ချို့တဲ့နိုင်ပြီး ပုံမှန်ဖြည့်စွက်ပေးဖို့ လိုအပ်နိုင်ပါတယ်။

ဘီ၁၂ စုပ်ယူခြင်းဟာ အစာအိမ်အတွက် အရေးပါပြီး အစာအိမ်မကောင်းသူတွေမှာ ဘီ၁၂ စုပ်ယူမှုအားနည်းပြီး အက်ဆစ်လျှံတက်ခြင်း၊ ရင်ပူခြင်း၊ အစာခြေပြဿနာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အားနည်းခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်အလေးချိန် မထိန်းနိုင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းတို့ ခံစားရပြီဆိုရင် ဗိုက်တာမင် ဘီ၁၂ ဆုံးရှုံးခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group