Published 08 March 2024

ညဘက်အိပ်မပျော်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအစာတွေရဲ့ ကဏ္ဍတွေလည်း ပါဝင်နေတယ်လို့ ပညာရှင်များက ဆိုပါတယ်။

အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အနည်းဆုံးတော့ ညအိပ်ချိန်မတိုင်မီ ရှောင်ရှားသင့်တဲ့အရာများကို ဆရာဝန်အချို့က ဖော်ပြခဲ့ကြပါတယ်။

ညစာစားတဲ့အခါ အပူအစပ်များ စားသုံးခြင်းက  အစာအိမ်အက်ဆစ် လျှံတက်စေပြီး ဦးနှောက်နိုးကြားနေစေပါတယ်။

ခရမ်းချဥ်သီးပါတဲ့ အစားအစာများ၊ ဆိုဒီယမ်နဲ့ ပြည့်ဝဆီပါဝင်တဲ့ စားစရာများကို အိပ်ရာဝင်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး စားသုံးသင့်ပါတယ်။

အမဲသားဟမ်ဘာဂါတွေဟာ အစာခြေဖို့ ကြာမြင့်ပြီး အက်ဆစ်လျှံတက်နိုင်တာကြောင့် ညဘက်မှာ သက်သက်လွတ်လို အစားအစာမျိုးသာ ရွေးချယ်သင့်ပါတယ်။

သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့ ရေခဲမုန့်လို စားစရာတွေဟာ သွေးတွင်းသကြားဓာတ်ကို အတက်အကျဖြစ်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

အိပ်ရာမဝင်ခင်မှာ ကလေးတွေနို့သောက်တာက လက်တို့စ်ဓာတ်ကြောင့် ဖြစ်ပေမယ့် လူကြီးတွေမှာတော့ အက်ဆစ်လျှံတက်ခြင်း ဖြစ်နိုင်ပါတယ်။

အားဖြည့်အချိုရည်တွေ၊ ဗိုက်တာမင်ရည်တွေ၊ အမှုန့်ဖျော်ရည်တွေမှာ ကဖင်းဓာတ် ပါဝင်တတ်တာကိုလည်း သတိပြုရပါမယ်။

ညမအိပ်ခင်မှာ ပူရှိန်းအကြမ်းရည်သောက်သုံးခြင်းက အက်ဆစ်လျှံတက်နိုင်တာကို မသိကြတာများပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ဆန်ညို၊ ပဲနီလေး၊ ပေါင်မုန့်ကြမ်း၊ ကြက်သား၊ ငါးတို့က အစာခြေစနစ်အတွက် သင့်လျော်ကာ ပိုမိုအိပ်ကောင်းစေပါတယ်။

ညအိပ်ချိန်နဲ့နီးလေ ပိုမိုလျှော့ချပြီး စားသောက်ရမှာ ဖြစ်ပါတယ်။
Source: New York Post.
#World_Health
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group