#World_Health
Published 04 March 2024


ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရန်အတွက် သံဓာတ်က အရေးကြီးတဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။

 

ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်သယ်ပို့ရာမှာ လိုအပ်တဲ့ ဟေမိုဂလိုဘင်ဆဲလ်တွေ ဖြစ်ပေါ်ရာမှာလည်း အရေးပါပါတယ်။

 

သံဓာတ်ချို့တဲ့ခြင်းက ဖြစ်လေ့ဖြစ်ထရှိပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။

 

သံဓာတ်နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်။


 
(၁) အိပ်ရာထတဲ့အခါ မူးဝေခြင်း

 

သံဓာတ်နည်းတဲ့အခါ သွေးမှာ အောက်ဆီဂျင် မသယ်နိုင်တော့ဘဲ ဦးနှောက်သို့ ရောက်ရှိမှုနည်းကာ မတ်တပ်ရပ်လိုက်တဲ့အခါ မူးဝေးတတ်ပါတယ်။


 
(၂) နှုတ်ခမ်းခြောက်ခြင်း

 

အမြှေးပါးတွေကို ထိခိုက်ကာ နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်လာပြီး မကုသဘဲထားပါက ပါးစပ်ထောင့်များအထိ ခြောက်သွေ့လာပါတယ်။


 
(၃) ရင်ပူခြင်းနှင့်နှလုံးတုန်ခြင်း

 

ပုံမှန်နှလုံးခုန်ခြင်းကို အနှောင့်အယှက်ဖြစ်စေကာ နှလုံးတုန်တတ်ပြီး အစာရေမျိုလမ်းကြောင်း လျှံတက်ကာ ရင်ပူတတ်ပါတယ်။


 
(၄) မျက်လုံးအရောင်မှိန်ခြင်း

 

သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အခါ အရေပြားနဲ့ မျက်လုံးအရောင်လျော့လာပြီး မျက်လုံးအရောင် လျော့ပါးလာပါတယ်။


 
(၅) ထိခိုက်ပွန်းပဲ့လွယ်ခြင်း

 

သွေးကြောများအားနည်းကာ ထိခိုက်ပွန်းပဲ့တဲ့အခါ  သွေးထွက်လွယ်တတ်ပါတယ်။


 
အခြားလက္ခဏာတွေ အနေနဲ့ ဆံပင်ကျွတ်ခြင်း၊ လက်သည်းကြွပ်ဆတ်ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ အလွန်အမင်း ပင်ပန်းလွယ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါတယ်။


သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ဖရုံစေ့၊ အသား၊ ပန်းဂေါ်ဖီစိမ်း၊ ချောကလက်မည်း၊ ကွမ်းသီး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကြက်ဥတို့ ဖြစ်ပါတယ်။

 

#World_Health #သံဓာတ်အားနည်းခြင်း #Source: DoctorNDTV