Published 09 February 2024

ဆဲလူးလိုက်ဆိုတာဟာ ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်တို့ရှိ အရေပြားတွေမှာ တွေ့ရတတ်တဲ့ အဖုအတွန့်တွေ ဖြစ်ပါတယ်။

အရေပြားအောက်မှာ အဆီတွေ အနည်ထိုင်လာကာ ချိတ်ဆက်တစ်ရှူးတွေကနေ တွန်းထွက်လာတာကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတဲ့ ဆဲလူးလိုက်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ဖော်ပြလိုက်ပါတယ်။
 
(၁) ပုံမှန်လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် အဆီလောင်ကျွမ်းစေပြီး သွေးလှည့်ပတ်မှု ကောင်းစေကာ ဆဲလူးလိုက်ပေါ်ထွက်တာကို လျှော့ချနိုင်ပါတယ်။
 
(၂) အာဟာရညီညွတ်တဲ့ အစားအစာ
အာဟာရမျှတစွာ စားသုံးပေးပါက ကိုယ်အလေးချိန်ကျစေပြီး အဆီဆဲလ်များ ဖြစ်ပေါ်မှုကို လျှော့ချပေးပါတယ်။
 
(၃) ရေဓာတ်ပြည့်ဝအောင်နေထိုင်ခြင်း
ရေကို လုံလောက်စွာ သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အရေပြားတင်းရင်းစေပါတယ်။
 
(၄) အခြောက်ပွတ်တိုက်ခြင်း
ဘရပ်ရှ်ဖြင့် အခြောက်တိုက်ပေးပါက သွေးလည်ပတ်မှုကောင်းစေကာ ဆဲလူးလိုက် ဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါတယ်။
 
(၅) နှိပ်နယ်ခြင်း
ဆဲလူးလိုက်ပေါ်တဲ့ နေရာတွေကို ပုံမှန်နှိပ်ပေးခြင်းဖြင့် အဆီအနည်များကို ချေဖျက်ကာ သွေးလည်ပတ်မှု ကောင်းစေပါတယ်။
 
(၆) အသားအရေတင်းရင်းစေသည့်လိမ်းဆေးများ
ကဖင်းဓာတ်၊ ရက်တီနောလ်၊ ကော်လာဂျင်တို့ ပါဝင်တဲ့ ခရင်မ်တွေဟာ အရေပြားတင်းရင်းချောမွေ့စေပါတယ်။
 
(၇) ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းဖြင့် တစ်ရှူးများကို ထိခိုက်စေကာ သွေးလှည့်ပတ်မှု လျော့ကျစေပြီး ဆဲလူးလိုက်ဖြစ်ပေါ်မှု ပိုမိုဆိုးရွားစေပါတယ်။
 
(၈) ပဝါပတ်ခြင်း
ခန္ဓာကိုယ်အချို့နေရာတွေကို ပဝါစည်းပေးခြင်းဖြင့် အဆိပ်အတောက် ဖယ်ရှားပေးကာ ရေဆုံးရှုံးမှုဖြစ်စေပြီး ဆဲလူးလိုက်ကို ယာယီလျှော့ချပေးပါတယ်။
 
(၉) ကိုယ်အလေးချိန်လျော့ကျခြင်း
ပိုလျှံနေတဲ့ အဆီတွေကို လျှော့ချခြင်းဖြင့် ဆဲလူးလိုက်ဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။
 
(၁၀) ကိုယ်နေဟန်ထားထိန်းသိမ်းခြင်း
ကိုယ်နေဟန်ထား မှန်ကန်စွာ ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ဆဲလူးလိုက် ပေါ်တာတွေကို သိပ်မမြင်ရပါဘူး။
Source: DoctorNDTV
#World_Health
#Published_ 9 February 2024
#YMG #Yangon_Times #Yangon_Media_Group