#World_Health
Published 04 February 2024


ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ် ချို့တဲ့တဲ့အခါ အရိုးတွေကနေ ယူသုံးကြပါတယ်။

 

ကယ်လ်စီယမ်က အရိုးသန်မာမှုအပြင် ကြွက်သားပြေလျော့ခြင်းနဲ့ အာရုံကြော လုပ်ဆောင်မှုတွေမှာပါ အရေးကြီးတာကြောင့် သွေးထဲက ကယ်လ်စီယမ်ပမာဏကို အဆက်မပြတ် ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်းကို ဒေါက်တာ မိုင်ယာရို့စ်မန်းက ဖော်ပြလိုက်ပါတယ်။

 

ဖြည့်စွက်စာတွေ အသုံးမပြုခင်မှာ အစားအသောက်ပုံစံကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါတယ်။

 

ကြွက်သားလုပ်ဆောင်ချက်တွေနဲ့ အာရုံကြောစနစ်များ  ပုံမှန်လုပ်ဆောင်ရန်အတွက် ခန္ဓာကိုယ်က သွေးတွင်းကယ်လ်စီယမ်ပမာဏကို ထိန်းညှိကြောင်း၊ ကယ်လ်စီယမ်ပမာဏ ပုံမှန်မဟုတ်တာဟာ အစားအသောက်ကြောင့် ဆိုတာထက် ကျန်းမာရေးပြဿနာကို ညွှန်ပြနေကြောင်း ရို့စ်မန်းက ရှင်းပြလိုက်ပါတယ်။

 

ကယ်လ်စီယမ်ပါဝင်တဲ့ အစားအစာတွေ အနေနဲ့ ချိစ်တစ်ချပ်မှာ ကယ်လ်စီယမ် ၂၅၀ မီလီဂရမ်၊ ဒိန်ချဥ်တစ်ခွက်မှာ ၂၆၀ မီလီဂရမ်၊ တိုဖူး ၁၀၀ ဂရမ်မှာ ၂၇၀ မီလီဂရမ်ခန့် ပါဝင်နေပါတယ်။

 

အစိမ်းရောင်ဟင်းရွက်များ၊ တာဟီနီ၊ ဗာဒံစေ့နဲ့ အခြားစားစရာတွေမှာလည်း ကယ်လ်စီယမ် ပါဝင်နေပါတယ်။


အသက် ၅၀ နောက်ပိုင်းမှာ ကယ်လ်စီယမ်လိုအပ်ချက် အနည်းငယ်ပိုများလာတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။

 

ကယ်လ်စီယမ်ဖြည့်စွက်စာ ၁၀၀၀ မီလီဂရမ်အထက်  များသွားပြီဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများလာပါတယ်။

 

အစားအစာကို မျှတစွာစားသုံးသင့်ပြီး ကယ်လ်စီယမ် ဖြည့်စွက်စာသုံးမယ်ဆိုရင်တော့ ၆၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။

 

ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးပြီး မျှတအောင် စားသုံးပေးပါက ဖြည့်စွက်စာ အများအပြား မလိုအပ်ဘဲ ကယ်လ်စီယမ်လိုအပ်ချက် ကိုက်ညီစေမှာ ဖြစ်ပါတယ်။

 

#World_Health #ခန္ဓာကိုယ်ထဲကယ်လ်စီယမ်ချို့တဲ့ #ဖြည့်စွက်စာစားသုံးသင့်သလား #Source: The Jerusalem Post