#WorldEnvironment

Published  - 26 November 2021

ရေဘဝဲ၊ ဂဏန်းနဲ့ ကျောက်ပုစွန်တို့ ဟာ အသိစိတ်အနည်းငယ်ရှိကြပြီး နာကျင်မှုကိုခံစားသိရှိနိုင်တဲ့ သက်ရှိသတ္တဝါများဖြစ်ကြောင်း ယူကေအစိုးရက ကြေညာလိုက်ပါတယ်။
ယူကေအစိုးရရဲ့ လေ့လာခိုင်းချက်အရ အခွံမာပုစွန်ဂဏန်းမျိုးစိတ်တွေနဲ့ ကမာရေဘဝဲမျိုးစိတ်တွေဟာ အာရုံခံစားမှုရှိကြကြောင်း သိပ္ပံနည်းကျအထောက်အထား ခိုင်မာစွာဖြင့် တွေ့ရှိခဲ့ကြပါတယ်။

ထိုလေ့လာချက်အရ အဲဒီမျိုးစိတ်သတ္တဝါတွေကို တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေထဲ ထည့်သွင်းသတ်မှတ်သွားဖို့  အကြံပြုထားပါတယ်။
လန်ဒန်စီးပွားရေးတက္ကသိုလ်ကျောင်းမှ ကျွမ်းကျင်သူတွေက အဲဒီလေ့လာချက်ကို ပြုစုခဲ့ကြတာဖြစ်ပါတယ်။

သူတို့ ဟာ သက်ရှိမျိုးစိတ်ပေါင်း ၃၀၀ ကျော်ကို လေ့လာခဲ့ကြပြီးနောက် ကမာရေဘဝဲမျိုးကောင်တွေနဲ့ အခွံမာပုစွန်ဂဏန်းမျိုးကောင်တွေကို အာရုံခံစားသိရှိနိုင်တဲ့သတ္တဝါတွေအဖြစ် သတ်မှတ်ယူဆသင့်ကြောင်း CNN မှ ဖော်ပြထားပါတယ်။

အဲဒီဖော်ပြချက်ထဲမှာ ပုစွန်တွေနဲ့ ဂဏန်းတွေကို အရှင်လတ်လတ်ပြုတ်တာမျိုး မပြုလုပ်သင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

သယ်ယူပို့ ဆောင်တဲ့နေရာမှာ ဖမ်းဆီးသတ်ဖြတ်ပုံအဆင့်ဆင့်ကိုလည်း ကျွမ်းကျင်သေသပ်စွာပြုလုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ တရားဥပဒေအရ ကျောရိုးရှိသတ္တဝါတွေဟာလည်း အာရုံခံစားသိရှိနိုင်တဲ့ သတ္တဝါတွေအဖြစ် သတ်မှတ်ပြီးဖြစ်ပါတယ်။

"တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေမူကြမ်းမှာ သက်ရှိသတ္တဝါတွေ ညှင်းပန်းနှိပ်စက်ခြင်းမခံရအောင် ထည့်သွင်းစဉ်းစားပေးထားပါတယ်။ သိပ္ပံနည်းအရ ပုစွန်ဂဏန်းတို့ လို အခွံမာအမျိုးဝင်တွေနဲ့ ကမာရေဘဝဲအမျိုးဝင်သတ္တဝါတွေဟာ နာကျင်မှုကို ခံစားသိရှိကြောင်း ရှင်းရှင်းလင်းလင်းသိရပြီဖြစ်ပြီး ဥပဒေပြဌာန်းချက်အောက်မှာ ထည့်သွင်းကာကွယ်ပေးသွားမှာဖြစ်ပါတယ်"လို့  တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဝန်ကြီး ဇက်ဂိုးစမစ်က ဖော်ပြထားပါတယ်။

ဒီဥပဒေမူကြမ်းကို ပြဌာန်းပြီးတဲ့အခါကျရင် တိရိစ္ဆာန်ကာကွယ်ရေး ကျွမ်းကျင်သူများဖြင့် တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဖွဲ့ စည်းသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အိမ်မွေးတိရိစ္ဆာန် သွေးဆောင်ခိုးယူခြင်းကိုလည်း ဥပဒေချိုးဖောက်မှုအဖြစ်သတ်မှတ်ဖို့  ဗြိတိန်အစိုးရက စီစဉ်နေပါတယ်။

ဒီကိစ္စတွေကိုဖြေရှင်းဖို့  အိမ်မွေးတိရိစ္ဆာန်ခိုးယူမှု တိုက်ဖျက်ရေးအဖွဲ့ ကို အစိုးရက မေလမှာဖွဲစည်းခဲ့ပါတယ်။

Source: Hindustan Times.