#World_Health
Published 22 January 2024

 

ဂွမ်းနားကြပ်တံ အသုံးပြုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေကာ မှန်ကန်တဲ့ နည်းလမ်းကို သိချင်နေကြပါတယ်။

 

ဒါကြောင့် ဗြိတိန်မှ ဆရာဝန်တစ်ဦးက မှန်ကန်တဲ့ နားသန့်ရှင်းရေးနည်းလမ်းကို ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

နားတွေကို ဘယ်လိုသန့်ရှင်းရမလဲဆိုတော့ သန့်ရှင်းပေးဖို့ မလိုဘူးလို့ ဒေါက်တာဆူဂျာက သူ့ရဲ့တစ်တော့မှာ အကြံပြုသွားကာ ၁၂ စက္ကန့်ကြာ ဗီဒီယိုက ကြည့်ရှုသူ သောင်းနဲ့ချီသွားပါတယ်။

 

မိမိရဲ့တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာဝတ္ထုမဆို နားထဲမထည့်သင့်ကြောင်း၊ အဝတ်စဖြင့် နားအပြင်ဘက်ကို သုတ်သင်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

 

၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြပ်တံအသုံးပြုခြင်းကြောင့် နားဒဏ်ရာရရှိကာ အရေးပေါ်ကုသမှုခံယူရတဲ့ ကလေးငယ်ပေါင်း အမေရိကန်မှာ ၂၆၄၀၀၀ ဦး ရှိခဲ့ပါတယ်။

 

နားကြပ်တံကြောင့် နားရောဂါကူးစက်မှုတွေနဲ့ ဘေးအန္တရာယ်တွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ ခရစ်ဂျာတာနာက ဆိုပါတယ်။

 

နားလမ်းကြောင်းတွေကို အိမ်မှာပင် သန့်ရှင်းရေးလုပ်နိုင်ပြီး ဒီအတွက် ဂွမ်းနားကြပ်တံတွေက သင့်လျော်တယ်ဆိုတဲ့ အယူအဆတွေကို ပယ်ချလိုက်ပါတယ်။

 

နားတွင်းက သူ့အလိုလို သန့်ရှင်းရေးလုပ်နိုင်ကြောင်း၊ ဂွမ်းနားကြပ်တံက နားဖာချေးတွေကို နားစည်သို့ ပိုမိုရောက်ရှိစေတဲ့အပြင် နားဒဏ်ရာရနိုင်ခြေလည်း များတယ်လို့ ဂျာတာနာက ရှင်းပြပါတယ်။

 

နားကြပ်တံ အသုံးပြုခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်း၊ မူးဝေခြင်း စတာတွေဖြစ်နိုင်ပြီး နားဖာချေးတွေ ဖယ်ရှားဖို့အတွက် ဇွန်းရှည်၊ ညှပ်တံ၊ စုပ်စက်တို့ဖြင့်  အသုံးပြုနိုင်တယ်လို့ ဒေါက်တာဆူဂျာက အကြံပေးလိုက်ပါတယ်။

 

#World_Health #နားသန့်ရှင်းရေး #အကောင်းဆုံးနည်းလမ်း #Source: The Jerusalem Post