Published 14 January 2024

လူတစ်ယောက်ဟာ စိတ်ခံစားချက် မရင့်ကျက်ဘူးလို့ ယူဆနိုင်တဲ့ လက္ခဏာ ၅ မျိုးကို ဆိုရှယ်မီဒီယာပေါ်မှာ အငြင်းပွားနေကြပါတယ်။

လိုင်စင်ရကုသဆရာ ဂျက်ဖရေးမဲလ်ဇာက ဒီအကြောင်းကို ဖော်ပြခဲ့ရာမှာ ကြည့်ရှုသူ ၉ သန်းခွဲကျော်ရှိခဲ့ပြီး အငြင်းပွားသူများလည်း ရှိနေပါတယ်။
 
(၁) ပြန်လည်တောင်းပန်မှု မပြုလုပ်ခြင်း
စိတ်ထိခိုက်လွယ်ပြီး မရင့်ကျက်တဲ့သူတွေဟာ သူတို့ရဲ့အတ္တမာန ထိခိုက်မှာစိုးတဲ့အတွက် ပြန်လည်တောင်းပန်ခြင်း မရှိဘဲ တစ်ဖက်ကို အပြစ်ပြန်ပြောတတ်ကြပါတယ်။
 
(၂) ကိစ္စတိုင်းအတွက်ဆင်ခြေရှိခြင်း
မရင့်ကျက်သူတွေက မိမိကိုအထင်သေးမှာစိုးတဲ့အတွက် မသေချာတဲ့အရာကို မလုပ်နိုင်ဘူးလို့ ဝန်မခံကြဘဲ ရင့်ကျက်သူဆိုရင်တော့ မသိရင် မသိဘူးလို့ ဝန်ခံတတ်ကြပါတယ်။
 
(၃) မသိစိတ်က အထက်စီးရလိုခြင်း
မသိသာတဲ့ နည်းလမ်းဖြင့် သူများထက် အသာစီးရနေလိုပြီး ရင့်ကျက်သူတွေကတော့ အခြားသူတွေရဲ့ အခြေအနေကို စာနာကြည့်ရှုတတ်ကြပါတယ်။
 
(၄) သူတစ်ပါးအား ခြယ်လှယ်လိုခြင်း
‘’မင်းက ငါ့သူငယ်ချင်းကောင်းဆိုရင် ငါ့အတွက် ဒါလေးလုပ်ပေးပါ ဒါမှမဟုတ် ငါ့ကိုချစ်ရင် ဒါလေးလုပ်ခွင့်ပေးသင့်တယ်’’ဆိုပြီး ပြောတာမျိုးက ရင့်ကျက်ဖို့ လိုအပ်တယ်လို့ ညွှန်ပြနေပါတယ်။
 
(၅) နှုတ်ဆိတ်ခြင်းဖြင့် ဖြေရှင်းခြင်း
အငြင်းပွားဖွယ်အဖြစ်ဆုံး အချက်ကတော့ နှုတ်ဆိတ်ခြင်းပါပဲ။

ဖြစ်ချင်သလို မဖြစ်တဲ့အခါ နှုတ်ပိတ်နေခြင်းဖြင့် တုန့်ပြန်လိုက်တာဟာ တစ်ဖက်သားရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်လို့ ပြောပြသွားပါတယ်။
Source: New York Post.
#World_Health
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times