၁ ဇန်နဝါရီ ၂၀၂၄

ဂျပန်နိုင်ငံ ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ ကျယ်ပြန့်သည့်နေရာကြီးတစ်ခုတွင် ကနဦးတိုင်းတာချက်များအရ ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဇန်နဝါရီ(၁)ရက် တနင်္လာနေ့က လှုပ်ရှားသွားတဲ့အတွက် ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်ရှီကာဝါ စီရင်စုအတွက် ကြီးမားတဲ့  ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး နှစ်သစ်ဆင်နွှဲနေကြတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေလည်း ဆိတ်သုဉ်းသွားခဲ့ရပါတယ်။

တိုကျိုမြို့လယ်က အဆောက်အဦတွေကိုပါ လှုပ်ခါသွားစေခဲ့တဲ့ အဲဒီငလျင်ဟာ ညနေ ၄နာရီ ၁၀မိနစ်ခန့်မှာ လှုပ်ရှားသွားခဲ့တာ ဖြစ်ပြီး အဲဒီဒေသက ဝီဂျီးမား ဆိပ်ကမ်းဆီကို အမြင့် ၁.၂မီတာ လန့်ရှိတဲ့ ဆူနာမီလှိုင်းတွေရိုက်ခတ်ခဲ့ပါတယ်။

ငလျင်ဟာ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အေအိုမိုရီစီရင်စုမှ အနောက်တောင်ပိုင်း ကျူရှုးဒေသအထိ ကျယ်ပြန့်စွာလှုပ်ရှား သွားခဲ့တာဖြစ်ပြီး ကမ်းခြေဒေသတွေဖြစ်တဲ့ ယာမာဂါတာ၊နီအီဂါတာ၊တိုယိုမာ၊ဖူကူအီနှင့် ယိုဂိုစီရင်စုတွေအတွက် ဆူနာမီ အန္တရာယ်သတိပေးချက်တွေထုတ်ပြန်ပေးခဲ့ပါတယ်။

ငလျင်ဟာ နိုတိုဒေသကိုဗဟိုပြုလှုပ်ရှားခဲ့ပြီး မြေပြင်အနက်တိမ်တိမ်ကလေးမှာကပ်ပြီး လှုပ်ရှားသွားတာလို့ မိုးလေဝသဌာန ကပြောပါတယ်။

အီရှီကာဝါမှ အချို့အစိတ်အပိုင်းတွေမှာ အိမ်တွေပြိုကျခဲ့ပြီး အဲဒီစီရင်စုမှာ အိမ်ခြေ ၃၂၅၀၀ ခန့် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ရ တယ်လို့လည်း ဒေသဆိုင်ရာအစိုးရနှင့်မီးသတ်ဌာနတို့အဆိုအရသိရပါတယ်။

တိုယိုမားနှင့်နီအီဂါတာတို့မှာ ဆူနာမီလှိုင်းတွေတက်လာခဲ့တယ်လို့ မိုး/ဇလဌာနကပြောပါတယ်။

ငလျင်လှုပ်ရှားပြီးနောက် ဂျပန်ရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေမရှိဘူးလို့ ဂျပန်အစိုးရကပြောပါတယ်။

အရှေ့ဂျပန်ရထားကုမ္ပဏီက တိုဟိုကူး၊ဂျိုဆူနှင့် ဟိုကူရီကူရှင်ကာဆန်ရထားလိုင်းတွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။

Source Kyodo