#World_Health
Published 02 January 2024


ဦးနှောက်ယိုယွင်းခြင်းရောဂါဖြစ်တဲ့ ဒီမန်ရှာရောဂါဟာ ကုသလို့မရပေမယ့် စောစီးစွာ ရောဂါတွေ့ရှိပါက ထိန်းသိမ်းစောင့်ရှောက်မှု သိသိသာသာ ပြောင်းလဲစေပါတယ်။

 

ဒီမန်ရှာရောဂါတွေထဲက အယ်လ်ဇိုင်းမားရောဂါဟာ အဖြစ်အများဆုံးတစ်မျိုး ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ကျဆင်းလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

လေ့လာတွေးတောခြင်း စွမ်းရည်များ၊ ယာယီမှတ်ဉာဏ်များ၊ တွေးခေါ်ခြင်း၊ အမြင်အာရုံသိရှိခြင်း၊ အာရုံစူးစိုက်ခြင်း၊ အချက်အလက် ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်းတို့မှာ ယိုယွင်းပျက်စီးလာတာ ဖြစ်ပါတယ်။

 

ပိုဆိုးလာတဲ့အခါ နေ့စဥ်အခြေခံလုပ်ဆောင်မှုများကိုပါ လုပ်ဆောင်ရန် ခက်ခဲလာပါတယ်။

 

အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေက အသက်ကြီးလာတာနဲ့အမျှ များလာပြီး အသက် ၈၅ နှစ်နဲ့အထက် လူကြီးတွေရဲ့ ၃ ပုံ ၁ ပုံခန့် ခံစားနေရပါတယ်။

 

ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ အနံ့အာရုံပျောက်ဆုံးခြင်းက အစောပိုင်းရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။



၅၁၅ ဦးဖြင့် အနံ့အာရုံစမ်းသပ်ရန် ရည်ရွယ်ခဲ့ကြပြီး ရေချိုးရင်း ဆပ်ပြာနံ့၊ ခေါင်းလျှော်ရည်နံ့တို့ သိရှိစေတဲ့ စွမ်းရည်ယိုယင်းလာတာကို စမ်းသပ်ခဲ့ကြပါတယ်။

 

မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း လျော့ကျလာတဲ့အခါ အနံ့ခံအာရုံအပိုင်းမှာပါ လျော့ကျလာတာကို တွေ့ရှိခဲ့ကြပါတယ်။

 

အစောပိုင်းအဆင့်တွေမှာ ဒီမန်ရှာကို တွေ့ရှိပါက ရောဂါကိုထိရောက်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

 

ကုသလို့မရပေမယ့် အနံ့ခံအာရုံယိုယွင်းတာမျိုးက အစောပိုင်းလက္ခဏာတွေဖြစ်ပြီး သင့်တင့်တဲ့စောင့်ရှောက်မှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 

#World_Health #ဒီမန်ရှာရောဂါလက္ခဏာတစ်ခု #Source: The Jerusalem Post