#World_Health
Published 02 January 2024


အမိုင်နိုဆိုင်ယာနင်မော်လီကျူးတွေ အသုံးပြုပြီး ကင်ဆာဆဲလ်တွေ ဖယ်ရှားတဲ့နည်းလမ်းသစ် တစ်ခုကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ဇီဝဓာတ်မှန်တွေမှာ ဆိုးဆေးအဖြစ် အသုံးပြုလေ့ရှိတဲ့ ထိုမော်လီကျူးတွေဟာ အနီအောက်နီးပါးရောင်ခြည်မှာ လှုံ့ဆော်တဲ့အခါ ကင်ဆာဆဲလ် အမြှေးပါးတွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

 

ဒါဟာ မော်လီကျူးဆိုင်ရာ မျိုးဆက်သစ်ကြီးတစ်ခု ဖြစ်ပြီး မော်လီကျူးဖောက်စက်လို့ အမည်ပေးထားကြောင်း ရိုက်စ်တက္ကသိုလ်မှ ဓာတုပညာရှင် ဂျိမ်းစ်တိုးက ပြောပြသွားပါတယ်။

 

ထိုမော်လီကျူးတွေက စက်လှုပ်ရှားပုံထက် အဆသန်းပေါင်းများစွာ ပိုမြန်တာကို တွေ့ရှိထားပါတယ်။

 

အနီအောက်နီးပါးရောင်ခြည် အသုံးပြုခြင်းက အတော်လေး သိသာထင်ရှားနေပါတယ်။

 

ထိုတွေ့ရှိချက်က အရိုးနဲ့ အင်္ဂါတွေရဲ့ ကင်ဆာတွေကို ကုသရာမှာ ပြောင်းလဲလာနိုင်ဖွယ်ရှိပြီး ခွဲစိတ်ရတာမျိုး လုပ်ဖို့မလိုအပ်တော့ပါဘူး။

 

ဓာတ်ခွဲခန်းထဲမှာ မွေးမြူထားတဲ့ ကင်ဆာဆဲလ်တွေနဲ့ စမ်းသပ်ရာမှာ မော်လီကျူးဖောက်စက်က ကင်ဆာဆဲလ်တွေကို ၉၉ ရာခိုင်နှုန်း အောင်မြင်စွာ ဖျက်ဆီးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

သက်ရှိသတ္တဝါ ကြွက်တွေနဲ့ စမ်းသပ်ရာမှာတော့ တဝက်လောက်က ကင်ဆာပျောက်ကင်းသွားခဲ့ပါတယ်။

 

တွေ့ရှိချက်တွေက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ကင်ဆာကုသရာမှာ ထိုနည်းလမ်းအသုံးဝင်ပုံကို သုတေသီများ ကျေနပ်နေကြပါတယ်။

 

နောက်ထပ်သုတေသနမှာလည်း အလားတူစွမ်းရည်ရှိတဲ့ အခြားမော်လီကျူးများ ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

 

#World_Health #ကင်ဆာဆဲလ်တွေကို(၉၉)ရာခိုင်နှုန်းဖျက်ဆီးနိုင် #သိပ္ပံပညာရှင်များတွေ့ရှိ #Source: WION