Published 14 December 2023 
 
ကိုရီးယားမှ ဆယ်ကျော်သက် အယောက် ၅ သောင်းကျော်ကို မကြာသေးမီက လေ့လာခဲ့ရာမှာ စမတ်ဖုန်းအသုံးပြုချိန် တစ်နေ့ကို ၄ နာရီကျော်ပါက စိတ်ကျန်းမာရေး ထိခိုက်နိုင်ခြေများကြောင်း တွေ့ရှိခဲ့ကြပါတယ်။ 
 
ဟန်ယန်း ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဂျင်ဟွာမွန်း၊ ဂျောင်ဟိုချာတို့က ယင်းတို့ရဲ့တွဲဖက်များနဲ့အတူ လေ့လာခဲ့တာဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာ ၆ ရက်နေ့က PLOS ONE ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။ 
 
ယခင်သုတေသနများအရ ဆယ်ကျော်သက်များကြား စမတ်ဖုန်းအသုံးပြုချိန် များလာခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ၊ အိပ်စက်မှုပြဿနာများ၊ မျက်လုံးကျန်းမာရေး ပြဿနာများ၊ ကြွက်သားအရိုးငြမ်း ပြဿနာများ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေပါတယ်။ 
 
အချို့လေ့လာချက်မှာတော့ နေ့စဥ် အင်တာနက် အသုံးပြုနေခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို အကျိုးရှိစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ 
 
အခြားအချက်အလက်များကိုပါ ထည့်သွင်းသုံးသပ်တဲ့အခါမှာ ၂၀၂၀ အတွင်း ဆယ်ကျော်သက် ၈၅.၃ ရာခိုင်နှုန်းဟာ တစ်နေ့ကို စမတ်ဖုန်းအသုံးပြုချိန် ၂ နာရီကျော်ရှိခဲ့ပါတယ်။ 
 
၄ နာရီကျော်တဲ့ သူတွေကတော့ စိတ်ဖိစီးမှု၊ သေကြောင်းကြံစည်စိတ်၊ အရာဝတ္ထု စွဲလမ်းမှုများ ဖြစ်နိုင်ခြေ များနေပါတယ်။ 
 
၁ - ၂ နာရီမျှ အသုံးပြုသူတွေကတော့ ထိုကဲ့သို့ဖြစ်နိုင်ခြေ ပိုမိုနည်းပါးနေပါတယ်။ 
 
တစ်နေ့ကို ၂ နာရီမျှ အသုံးပြုရင်တော့ လုံးဝအသုံးမပြုသူတွေထက်စာရင် ကျန်းမာရေးအတွက် အကျိုးရှိစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ 
 
၄ နာရီကျော်လာရင်တော့ ဆိုးကျိုးတွေက ကောင်းကျိုးတွေကို ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။ 
 
စမတ်ဖုန်း အသုံးပြုခြင်းနဲ့ ကျန်းမာရေး ဆိုးရွားမှုတို့ကြား တိုက်ရိုက်ဆက်စပ်မနေပေမယ့် နေ့စဥ်စမတ်ဖုန်း အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေအတွက် လမ်းညွှန်ချက်များ၊ ပညာပေးအစီအစဥ်များ ချမှတ်သွားဖို့ သိရှိလာနိုင်ပါတယ်။ 
Source: WION 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times