#World_Health
Published 10 December 2023

 

ဂျပန်တို့ရဲ့ နာမည်ကျော် ဟင်းခတ်ပစ္စည်း ဝါဆာဘီဟာ မှတ်ဉာဏ်ပိုင်းတိုးတက်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။

 

ဝါဆာဘီက ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာကို သိရှိထားပြီးဖြစ်ပေမယ့် ရေတိုမှာရော ရေရှည်မှာပါ မှတ်ဉာဏ်ပိုင်းကို အကျိုးပြုစေတယ်ဆိုတာကိုတော့ ပထမဆုံး သိရှိလာတာ ဖြစ်ပါတယ်။

 

ဝါဆာဘီရဲ့ မှတ်ဉာဏ်ပိုင်း တိုးတက်စေမှုကို တိုဟိုကူတက္ကသိုလ်မှာ လေ့လာစမ်းသပ်ခဲ့ပါတယ်။

 

ဝါဆာဘီထဲက အဓိကပါဝင်ပစ္စည်း 6-MSITC ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ကာ ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပြီး အခြားအပင်တွေမှာ အနည်းငယ်သာ တွေ့ရပါတယ်။

 

အသက် ၆၀ မှ ၈၀ ကြား ကျန်းမာရေးကောင်းမွန်တဲ့ လူ ၇၂ ဦးကို ခေါ်ယူကာ တဝက်ခန့်ကို ညအိပ်ချိန်မတိုင်ခင် ဝါဆာဘီ ၁၀၀ ဂရမ် စားသုံးစေခဲ့ပြီး ကျန်တဝက်ကိုတော့ အာနိသင်မရှိတဲ့အရာကို စားသုံးစေခဲ့ပါတယ်။

 

၃ လအကြာမှာ ဝါဆာဘီစားသုံးတဲ့အဖွဲ့က ဦးနှောက်သိရှိမှုစွမ်းရည်၊ ရေတိုမှတ်ဉာဏ်အပိုင်း၊ ရေရှည်မှတ်ဉာဏ်အပိုင်းတို့မှာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

 

အပိုင်းအကန့်များပါဝင်တဲ့ မှတ်ဉာဏ်စွမ်းရည်ပိုင်းမှာ ပျမ်းမျှအားဖြင့် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 

ဝါဆာဘီဟာ မုန်ညင်းမျိုးနွယ်ဝင်ဖြစ်ကာ ပင်လယ်စာနဲ့ တွဲဖက်စားသုံးတဲ့အခါ အလွန်လိုက်ဖက်ပြီး ရောဂါပိုးမွှားဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

 

တိုဟိုကူတက္ကသိုလ်က အခုဆိုရင် ပိုမိုငယ်ရွယ်တဲ့ လူတွေနဲ့ စမ်းသပ်သွားဖို့ ရည်ရွယ်ထားကာ ဒီမန်ရှာရောဂါ ခံစားနေရသူတွေမှာလည်း ဦးနှောက်အသိဉာဏ် ဆုတ်ယုတ်မှုကို လျော့ကျစေနိုင်မလားဆိုတာကို လေ့လာသွားဦးမှာ ဖြစ်ပါတယ်။

 

#World_Health #ဂျပန်ရိုးရာဟင်းခတ်ပစ္စည်း #ဝါဆာဘီ #အစွမ်းသတ္တိ #Source: WION