Published 02 December 2023

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေရုံမက မျက်လုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေး စင်တာက ဆိုပါတယ်။

ကမ္ဘာတဝှမ်းမှာ အမြင်အာရုံချို့ယွင်းမှု အမျိုးမျိုးကို ခံစားနေရသူပေါင်း ၂၈၅ သန်း ရှိတယ်လို့ သိရပါတယ်။

မျက်လုံးရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ မျက်စိညောင်းညာမှုကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ မျက်လုံးရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး အမြင်အာရုံဆုံးရှုံးနိုင်လောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

မျက်လုံးပြဿနာများ ခံစားနေရသူတွေတောင်မှ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီးနောက် တိုးတက်မှုများရှိလာပြီး ဝေဒနာများ သက်သာလာတယ်လို့ ပြောလာကြပါတယ်။

ဒါ့အပြင် မျက်လုံးစိုစွတ်မှုကို ပိုမိုထိန်းသိမ်းနိုင်ပြီး မျက်လုံးခြောက်ခြင်း ပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။

တစ်ပတ်ကို လေ့ကျင့်ခန်း အနည်းဆုံးငါးကြိမ် ပြုလုပ်သူတွေဟာ မလုပ်တဲ့သူတွေထက် မျက်ရည်ထုတ်လုပ်မှု ပိုမိုသာလွန်ကြောင်း တွေ့ရှိထားပါတယ်။

မျက်လုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် အကြံပြုချက်တွေကတော့..
-        ကြားရက်တွေမှာ မိနစ် ၃၀ မျှ ပိုင်းခြားပြီး လုပ်နိုင်သလောက် အချိန်ဇယားဖြင့် စတင်သတ်မှတ် လုပ်ဆောင်သင့်ပါတယ်။

-        အဖော်ရှာပြီး လေ့ကျင့်ခန်းတွေကို အတူပြုလုပ်ပါက စိတ်ခွန်အား မြှင့်တင်ပေးနိုင်ပါတယ်။

-        အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် အပြင်ထွက်ပါက နေကာမျက်မှန်တပ်သင့်ပြီး ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းနေရာတွေမှာ မျက်လုံးကာကွယ်ရေး ကိရိယာတွေ တပ်ဆင်သင့်ပါတယ်။

-        ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကျန်းမာရေးကိုသာမက မျက်လုံးဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

-        မိသားစုထဲမှာ မျက်လုံးရောဂါဖြစ်ဖူးသူတွေရှိရင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါတယ်။
-        အသက် ၄၀ အရွယ်မှာ မျက်လုံးစစ်ဆေးမှု ပြုလုပ်သင့်ပြီး အသက် ၆၅ နှစ်ကျော်လာရင်တော့ နှစ်စဥ်စစ်ဆေးသင့်ပါတယ်။
Source: India Today
#World_Health
#Published 02 December 2023
#Yangon_Times #YMG_News #Yangon_Media_Group