Published 18 November 2023

လူတွေ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်သိရှိမှုစွမ်းရည် ကျဆင်းလာတာ သဘာဝပါပဲ။
ဒါပေမဲ့ ခွေးတွေ ကြောင်တွေမွေးထားတဲ့ သူတွေက ဦးနှောက်သိရှိမှုစွမ်းရည် ကျဆင်းမှုနှုန်း နှေးသွားကြောင်း မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။

 အိမ်မွေးတိရိစ္ဆာန်များနဲ့ လမ်းလျှောက်ထွက်သူတွေဟာ အသက်အရွယ် ကြီးလာသည့်တိုင်အောင် အသိဉာဏ်စွမ်းရည် ထိန်းသိမ်းထားနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်များက သက်ကြီးရွယ်အိုတွေမှာ အသိဉာဏ်စွမ်းရည် ကျဆင်းမှုကို နှောင့်နှေးအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။

အသက် ၅၁ မှ ၁၀၁ နှစ်အတွင်းရှိ လူပေါင်း ၆၃၇ ဦးထံမှ အချက်အလက်များ ကောက်ယူခဲ့ကြပါတယ်။

အချက်အလက် ကောက်ယူခြင်းကို အချိန်မှန် ပြုလုပ်ခဲ့ပြီး ဦးနှောက်အသိဉာဏ် စွမ်းရည်ကို စမ်းသပ်နည်းလမ်းများဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

ထိုအခါမှာ အိမ်မွေးတိရိစ္ဆာန် ရှိသူတွေက မရှိသူတွေထက် ဦးနှောက်အသိဉာဏ်စွမ်းရည် ကျဆင်းမှု များစွာနှေးသွားတာကို တွေ့ရှိခဲ့ကြပါတယ်။

အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လမ်းလျှောက်ထွက်သူတွေက ပိုပြီးတော့ ကျဆင်းမှုနှေးသွားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဒါတွေဟာ အသက်အရွယ်၊ ရောဂါဖြစ်နိုင်ခြေတို့ကို ထည့်သွင်းစဥ်းစားပြီးတာတောင် ဆက်လက်မှန်ကန်နေပါတယ်။

အိမ်မွေးတိရိစ္ဆာန်ရှိသူတွေမှာ မှတ်ဉာဏ်ပိုင်း၊ လုပ်ကိုင်နိုင်စွမ်း၊ ဘာသာစကား၊ စိတ်နှင့်လှုပ်ရှားမှု ညီညွတ်မှု၊ စဥ်းစားသုံးသပ်နှုန်းတို့ဟာ ကျဆင်းမှုပိုနှေးသွားပြီး ကြောင်ပိုင်ရှင်တွေက မှတ်ဉာဏ်နဲ့ ဘာသာစကားပိုင်းမှာ ယိုယွင်းမှု ပိုနှေးပြီး ခွေးပိုင်ရှင်တွေကလည်း ဦးနှောက်သိရှိမှုစွမ်းရည် ယိုယွင်မှု ပိုမိုနှေးကွေးကြောင်း တွေ့ရှိထားကြောင်း သုတေသနပြုစုသူများက ဖော်ပြခဲ့ပါတယ်။  
Source: WION.
#World_Health
#YMG #Yangon_Times #Yangon_Media_Group