၃၁ အောက်တိုဘာ ၂၀၂၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အစ္စရေးစစ်ပွဲအတွက် အရေးပေါ်အကူအညီပေးရန် ဆီးနိတ်ကြားနာမှုတစ်ခုကို အောက်တိုဘာ ၃၁ရက်က ပြုလုပ်နေစဉ်အတွင်း ဒါဇင်ခန့်ရှိတဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ  ကြားဖြတ်ဆန္ဒပြဟစ်အော်ခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရပါတယ်။

အဆိုပါဆီးနိတ်ကြားနာမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက် ဩစတင်တို့ တက်ရောက်ပြီး အစ္စရေးနှင့် ယူကရိန်းအတွက်  အမေရိကန်ဒေါ်လာ ၁၀၅ဘီလျံ အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ရေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ “ အပစ်အခတ်အခုရပ်” ဆိုပြီး ဟစ်ကြွေးခဲ့ကြပါတယ်။ တစ်ချို့ဟာ သူတို့ရဲ့လက်တွေကို ဆေးနီတွေခြယ်ပြီး လက်များဆန့်တန်းဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဟာ ဆီးနိတ်ကြားနာမှုများအတွင်း ကြိမ်ဖန်များစွာ ကန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဘလင်ကန်နှစ့် ဩစတင်တို့က ဟားမားစ်ကိုတိုက်ခိုက်နေတဲ့ အစ္စရေး အတွက် ဒေါ်လာ ၁၄ ဘီလျံနှင့် ဂါဇာအပါအဝင်ဒေသတစ်ဝိုက်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၉.၁ ဘီလျံပေးဖို့ ဖြစ်ပါတယ်။

Source dailynews