Published 31 October 2023 

 
ညစာကို စောစီးစွာ စားသင့်တဲ့ အဓိကအကြောင်းအရင်းတွေကို ဟိုက်ဒရာဘတ်ရှိ အပိုလိုဆေးရုံမှ ဒေါက်တာဆူဒီယာကူမာက ပြောပြလိုက်ပါတယ်။ 
 
ညစာကို စောစောစားခြင်းဖြင့် အစာအိမ်ရေမျိုလျှံတက်ခြင်း GERD ရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရရှိနိုင်တယ်လို့ X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ 
 
ဒါ့အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ အခြားရောဂါများလည်း ဖြစ်နိုင်ခြေ နည်းစေတယ်လို့ ပြောပြခဲ့ပါတယ်။ 
တစ်နေ့တာ စားသုံးချိန်ကို မနက် ၉ နာရီမှ ညနေ ၇ နာရီ အပိုင်းအခြားအတွင်း ထားရှိပြီး ညစာစောစောစားသင့်ပါတယ်။ 
 
ပြောင်းလဲလာတဲ့ လူနေမှုစရိုက်အရ ညဘက်နောက်ကျမှ ညစာစားရတာမျိုးတွေ ရရှိနေတယ်လို့ ထောက်ပြလာသူတွေ ရှိပါတယ်။ 
 
GERD ရောဂါဆိုတာက အစာအိမ်ထဲက အရာတွေ အစာရေမျိုပြွန်ထဲ တက်လာတာ ဖြစ်ပါတယ်။ 
 
မကြာခဏဖြစ်ပွားတဲ့အခါ ရောဂါဖြစ်လာပြီး အစာရေမျိုနဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ထိခိုက်လာပါတယ်။ 
 
အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ ရင်ပူခြင်း၊ လည်ချောင်း၊ ပါးစပ်ထဲသို့ အက်ဆစ်ရေများ လျှံတက်ခြင်းတို့ ဖြစ်ပါတယ်။ 
 
အခြားလက္ခဏာတွေထဲမှာ ရင်ဘတ်အလယ်မှာ မအီမသာဖြစ်ပြီး ကျောဘက်ကိုပါ ရောက်ရှိသွားတာမျိုး၊ မျိုချရခက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ တံတွေးထွက်များခြင်း၊ အသက်ရှူရခက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ 
Source: India Today. 
Yangon_Times
#World_Health
#YMG #Yangon_Times #Yangon_Media_Group