#World_Health
Published 13 October 2023


ကိုလက်စ်ထရောလ်များခြင်းအတွက် ဆေးသောက်သုံးသူတွေမှာ မကောင်းတဲ့ LDL ကိုလက်စ်ထရောလ်က ၂၁ မှတ်ခန့်လျော့ကျသွားပေမယ့် အရွယ်ရောက်ပြီးသူတွေမှာ ကိုလက်စ်ထရောလ် မြင့်မားနေတဲ့သူတွေ များပြားနေဆဲ ဖြစ်ပါတယ်။

 

ကိုလက်စ်ထရောလ် များပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါတို့ ဖြစ်နိုင်ချေ များပါတယ်။

 

ကိုလက်စ်ထရောလ် ပမာဏလျော့ကျစေရန် ဆေးဝါးများအပြင် ဖြည့်စွက်စာများလည်း စားသုံးနိုင်ပါတယ်။

 
-        တစေးနီထမင်း

စပါးပင်တွေမှာ ကြီးထွားတဲ့ တစေးတစ်မျိုးနဲ့ ထမင်းကို ရောနှောထားတာဖြစ်ပါတယ်။


မိုနာကိုလင်-ကေ ဆိုတဲ့ စွမ်းအားမြင့် စတက်တင်တစ်မျိုး ပါဝင်ကာ LDL ကိုလက်စ်ထရောလ်ကို လျှော့ချပေးပါတယ်။

 

သာမန်အားဖြင့် စားသုံးဖို့ဘေးကင်းပေမယ့် စတက်တင်ဆေးတွေလိုမျိုး အစာအိမ် မအီမသာဖြစ်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့  ဖြစ်တတ်ပါတယ်။

 
-        ဂေါ်ဖီထုပ်ကဲ့သို့ အရွက်ထုပ်ဟင်းရွက်

 

ထိုအရွက်မှ ညှစ်ထုတ်ရရှိတဲ့အရည်မှာ ဆင်နာရင်ဒြပ်ပေါင်း ပါဝင်ပြီး သည်းခြေရည် စီးဆင်းမှုကို အားကောင်းစေကာ ကိုလက်စ်ထရောလ်ကို ကူညီရှင်းလင်းပေးပါတယ်။
 
-        အပင်စတီရောလ်များ

 

အစေ့အဆန်ပင်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ဟင်းရွက်ဆီများမှာ ပါဝင်တဲ့ ဖိုင်တိုစတီရောလ်များက ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချပေးပါတယ်။

 

ဖိုင်တိုစတီရောလ် ၂ ဂရမ် နေ့စဥ်စားသုံးခြင်းဖြင့် LDL ကိုလက်စ်ထရောလ် ၁၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရပြီး စတက်တင်၊ အက်ဇီတီမိုက်ဆေးတွေ သုံးစွဲနေရတဲ့သူတွေမှာလည်း အကျိုးရှိစေပါတယ်။

 
-        ဒိန်ရည်ပရိုတိန်း

 

ဒိန်ရည်ပရိုတိန်း ဖြည့်စွက်စာတွေဟာလည်း ကိုလက်စ်ထရောလ်ကို ကျစေတယ်လို့ တွေ့ရှိထားပါတယ်။

 

အမှုန့်ဖျော်သောက်မယ်ဆိုရင်တော့ သကြားဓာတ်နည်းအောင် ရွေးချယ်သောက်သုံးသင့်ပါတယ်။
 
-        Psyllium အမျှင်

 

အမျှင်ဖြည့်စွက်စာများဟာ Psyllium၊ မီသိုင်းဆဲလူးလို့စ်၊ ဒိန်ရည်ဒက်စ်ထရို့စ်၊ ကယ်လ်စီယမ် ပိုလီကာဘိုဖီလ်အနေဖြင့် စားသုံးနိုင်ပါတယ်။

 

Psyllium ပုံမှန်သုံးစွဲခြင်းဖြင့် ကိုလက်စ်ထရောလ် လျော့ကျစေတဲ့အပြင် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဆီးချိုလူနာတွေမှာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။
 
-        နိုင်ယာစင်

ဗိုက်တာမင်-ဘီ၃လည်းဖြစ်တဲ့ နိုင်ယာစင်ကို ကိုလက်စ်ထရောလ်များတဲ့ လူတွေမှာ အသုံးပြုပါတယ်။

 

ကောင်းတဲ့ HDL ကိုလက်စ်ထရောလ်တွေကို များစေပြီး သွေးကြောပိတ်ဆို့စေတဲ့ ထရိုင်ဂလစ်စရိုက်တွေကို လျော့နည်းစေပါတယ်။
 
-        ပိုက်ဆံလျှော်စေ့

 

လျှော်စေ့တွေမှာ အမျှင်ဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အစေ့တစ်ခုလုံးကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာကြောင့် အဆီ ဒါမှမဟုတ် ထုခွဲပြီးသားကို စားသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။


 
ကိုလက်စ်ထရောလ်များတဲ့ သူတွေက ဆေးဝါး၊ သဘာဝစားစရာတွေကိုသာ မှီခိုမနေသင့်ဘဲ ကျန်းမာရေး ပညာရှင်များနဲ့လည်း တိုင်ပင်သင့်ပါတယ်။

 

ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ မှီဝဲပေးဖို့ကလည်း အရေးကြီးနေပါတယ်။

 

#World_Health #ကိုလက်စ်ထရောလ် #သဘာဝအတိုင်းကျဆင်း
Source: New York Post