#World_Health
Published 13 October 2023


ဗိုက်တာမင်ဒီက အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင်ဖြစ်ပြီး အရိုးနဲ့သွားများ ကျန်းမာကြံ့ခိုင်စေရန် အရေးကြီးတဲ့ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့ ခန္ဓာကိုယ်မှ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။


ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဒီ ချို့တဲ့ရင်တော့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။


 
(၁) ကိုယ်ခံအားစနစ်အားနည်းခြင်း

 

ဗိုက်တာမင်ဒီ ချို့တဲ့ရင် ကိုယ်ခံအားစနစ် အားနည်းသွားကာ ရောဂါကူးစက်မှုများ ဝင်ရောက်လာနိုင်ပါတယ်။

 

နေရောင်ဟာ ဗိုက်တာမင်ဒီပါဝင်တဲ့ ရင်းမြစ်တစ်ခုဖြစ်သလို အဆီပါသောငါးများ၊ နို့ထွက်ပစ္စည်းများမှာ ဗိုက်တာမင်ဒီ ကြွယ်ဝစွာ ပါဝင်ပြီး ဖြည့်စွက်များလည်း စားသုံးနိုင်ပါတယ်။


 
(၂) အရိုးဆုံးရှုံးခြင်းနှင့် အရိုးပွခြင်း

 

ဗိုက်တာမင်ဒီက ကယ်လ်စီယမ် စုပ်ယူမှုကို အားကောင်းစေကာ အရိုးကြီးထွားခြင်းကို အားပေးပြီး အရိုးဆုံးရှုံးမှုမှ ကာကွယ်ပေးတာကြောင့် ဗိုက်တာမင်ဒီချို့တဲ့ရင် အရိုးအားနည်းပြီး အရိုးပွရောဂါ ဖြစ်လာနိုင်ပါတယ်။


 
(၃) ရာသီလိုက်နေမကောင်းဖြစ်ခြင်း

 

ဗိုက်တာမင်ဒီ နည်းပါးပါက ရာသီအကူးအပြောင်းမှာ စိတ်ဓာတ်ကျခြင်းမျိုး လက္ခဏာများ ဖြစ်တတ်ပြီး အပြင်ဘက်မှာ နေရောင်ထိတွေ့ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။


 
(၄) နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေများခြင်း

 

ဗိုက်တာမင်ဒီ ချို့တဲ့ရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ အပါအဝင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေ များစေပြီး ပုံမှန်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ညီညွတ်မျှတစွာ စားသောက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ဖြင့် ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။


 
(၅) ဦးနှောက်သိရှိမှုစွမ်းရည်လျော့ကျခြင်းနှင့် စိတ်မူမမှန်ခြင်း

 

မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ၊ အသိဉာဏ်စွမ်းရည် လျော့ကျခြင်း၊ စိတ်ဓာတ်ကျခြင်း ပူပန်သောကရောက်ခြင်းလိုမျိုး စိတ်မူမမှန်ခြင်းများ ခံစားရနိုင်ကာ အစားအသောက်၊ လေ့ကျင့်ခန်းတို့ဖြင့် ထိန်းသိမ်းနိုင်ပါတယ်။


 
(၆) ရင်ကြပ်ဝေဒနာပိုမိုဆိုးရွားစေခြင်း

 

ဗိုက်တာမင်ဒီက ရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် ချို့တဲ့တဲ့အခါ ရင်ကြပ်လက္ခဏာများ ပိုမိုဆိုးရွားစေပြီး ရင်ကြပ်ခြင်းခံစားရမှု ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။


 
(၇) ကိုယ်ခံအားနည်းသောရောဂါများ ဖြစ်နိုင်ချေများခြင်း

 

ဗိုက်တာမင်ဒီ ချို့တဲ့တဲ့အခါ လေးဘက်နာ၊ ဆီးချိုရောဂါတို့လို ကိုယ်ခံအားနည်းခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါများ ဖြစ်လာနိုင်ပါတယ်။


 
ရောဂါဖြစ်နိုင်ချေ များတဲ့သူတွေအနေဖြင့် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးကာ လိုအပ်တဲ့ ဖြည့်စွက်စာများ သုံးစွဲရန်လည်း အရေးကြီးပါတယ်။

 

#World_Health #ဗိုက်တာမင်-ဒီ #Source: DoctorNDTV