Published 09 October 2023

အမေရိကန်ဟာ အစ္စရေးလ်ကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေဖြင့် စစ်သင်္ဘောများနဲ့ လေယာဥ်များကို အစ္စရေးလ်အနီးသို့ ပေးပို့သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးချုပ် လွိုက်အော်စတင်က ပြောပြခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေက အစ္စရေးလ်-ဆော်ဒီအာရေဗျ ဆက်ဆံရေး ပြန်လည်သင့်မြတ်နိုင်ချေကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်နေတာ ဖြစ်နိုင်တယ်လို့ အမေရိကန်က ယုံကြည်ထားပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အစ္စရေးလ်မြို့တွေမှာ ဝင်ရောက်သောင်းကျန်းနေပြီး ဆယ်စုနှစ်များအတွင်း သွေးထွက်သံယို အဖြစ်ဆုံးဖြစ်ရပ် စနေနေ့မှာ မြင်တွေ့ခဲ့ရပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က ဂါဇာမှာ အစ္စရေးလ်က ပါလက်စ်တိုင်းတွေကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးမှ သေဆုံးသူရာနဲ့ချီ ရှိခဲ့ကြောင်း သတင်းရရှိထားပါတယ်။

ဒီလိုရှုပ်ထွေတဲ့ အကြမ်းဖက်မှုများကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီး စတင်ဖြစ်ပွားလာနိုင်ချေ ရှိနေပါတယ်။

သေဆုံးသူတွေထဲမှာ အနည်းဆုံး အမေရိကန် ၃ ဦးပါဝင်တယ်လို့ CNN က ဖော်ပြထားပါတယ်။

အစ္စရေးလ်နဲ့ နီးစပ်တဲ့ မက်ဒီတာရေးနီးယန်း အရှေ့ပိုင်းသို့ USS Gerald R Force Carrier Strike Group ကို ရွှေ့ပြောင်းရန် အမိန့်ပေးလိုက်ကြောင်း အော်စတင်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းများလည်း ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးလ် ကာကွယ်ရေးတပ်များအတွက် လက်နက်အထောက်အပံ့များ ပို့ဆောင်နေပြီဖြစ်ကာ လာမယ့်ရက်များအတွင်း နောက်ထပ် အထောက်အပံ့များ ပေးပို့ဦးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေးလ် ကိုယ်ပိုင်ကာကွယ်ခွင့်အတွက် အပြည့်အဝထောက်ခံချက်ကို အတည်ပြုပြောကြားခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ကာ ထိုဒေသရှိ အဖျက်အမှောင့် တားဆီးရေးကြိုးပမ်းမှုများ အားကောင်းစေရန် အမေရိကန်က အဆင့်ဆင့် လုပ်ဆောင်နေတာဖြစ်ကြောင်း အော်စတင်က အလေးပေး ပြောကြားသွားပါတယ်။

ပါလက်စ်တိုင်းလိုလားတဲ့ ဆန္ဒပြသူဒါဇင်ခန့်ဟာ နယူးယော့ခ်မြို့ရှိ တိုင်းမ်ရင်ပြင်နဲ့ ဝါရှင်တန်ရှိ အိမ်ဖြူတော်အနီးတို့မှာ တနင်္ဂနွေနေ့က စုရုံးခဲ့ကြပြီး အစ္စရေးလ်ကို ထောက်ခံတဲ့ အမေရိကန်လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဆီးရီးယားနဲ့ အီဂျစ်တို့ ရုတ်တရက် တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ပိုင်း စနေနေ့မိုးသောက်အချိန်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုက အကြီးမားဆုံး အသေအပျောက်အများဆုံး ကျူးကျော်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
Source: CNA.
#World_News
#YMG #Yangon_Times #Yangon_Media_Group