၈ အောက်တိုဘာ ၂၀၂၃

အာဖဂန်နစ္စတန်တွင် စနေနေ့က လှုပ်ရှားခဲ့တဲ့ငလျင်ကြီးကြောင့် လူပေါင်း ၂၀၀၀ကျော်သေဆုံးပြီး လူ၉၀၀၀ကျော်ဒဏ်ရာရရှိထားတယ်လို့ တာလီဘန်အစိုးရက တနင်္ဂနွေနေ့ကပြောပါတယ်။ ယခုငလျင်ဟာ ငလျင်မကြာခဏလှုပ်တဲ့ တောင်ထူထပ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွက် နှစ်များစွာအတွင်း အဆိုးရွားဆုံး ငလျင်ကြိးဖြစ်ခဲ့ပါတယ်။

စနေနေ့ညက ၁၆ဦးသေဆုံးတယ်လို့ကြေညာခဲ့ပြီး တနင်္ဂနွေမနက်ပိုင်းမှာတော့ လခြမ်းကြကခြေနီအဖွဲ့ ပြောရေးဆိုခွင့်ရသူ ကပြောခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းထွာရေးဌာန USGS က ငလျင်ဟာ ပြင်းအား ၆.၃ အဆင့်ရှိပြီး အနောက်မြောက် ဟာရက်မြို့မှ မိုင်၂၀အကွာကို ဗဟိုပြုလှုပ်ရှားခဲ့တယ်လို့ပြောပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီး မူလာဂျန်နန်ဆာယက်က ရိုက်တာသတင်းဌာနကို ငလျင်ကြောင့် ၂၀၅၃ ဦးသေဆုံးပြီး ၉၂၄၀ ဦးဒဏ်ရာရရှိခဲ့ကာ အိမ်ပေါင်း ၁၃၂၉လုံးပျက်စီးခဲ့တယ်လို့ ပြောကြားပါတယ်။

သေဆုံးသူ ၂၀၀ကျော်ကို ဆေးရုံတွေခွဲပြီးပို့ဆောင်ပေးခဲ့တယ်လို့ ဟာရက်ကျန်းမာရေးဌာနက ဒေါက်တာ ဒန်နစ်ရှ်က ပြောပါတယ်။ အများစုဟာ အမျိုးသမီးတွေနှင့်ကလေးတွေဖြစ်ကြတယ်လို့လည်း သူကပြောပါတယ်။

အလောင်းတွေကို စစ်စခန်းတွေ ဆေးရုံတွေ နေရာအနှံ့ ပို့ဆောင်ပေးခဲ့ကြပါတယ်လို့ သူကဆက်ပြောပါတယ်။

ငလျင်ကြောင့် ဟာရက်မြို့မှာ ထိတ်လန့်တကြားဖြစ်ကုန်ကြတယ်လို့ ဒေသခံ နက်ဆီမာကလည်းပြောပါတယ်။

“ လူတွေဟာ အိမ်တွေကိုစွန့်ခွာပြေးကြပြီး အားလုံးလမ်းပေါ်ရောက်ကုန်တယ်” လို့  သူမက ရိုက်တာသတင်းဌာနကို စာတိုပေးပို့ ဖြေကြားခဲ့ပါတယ်။

Source Reuters