#World_Health
Published 14 September 2023


ကလေးတွေအပေါ်မှာ ဖခင်တွေရဲ့  ပြုစုပျိုးထောင်ပေးလိုစိတ်နဲ့ အကာအကွယ်ပေးချင်စိတ်တို့ဟာ  လည်ပင်းထရာပီဇီယပ်စ်ကြွက်သားနဲ့ သက်ဆိုင်နေတယ်လို့ စကန်ဒီနေဗီယန် စိတ်ကျန်းမာရေးဂျာနယ်မှာ လေ့လာချက်ကို ဖော်ပြခဲ့ပါတယ်။

 

ထိုကြွက်သားက လည်ပင်းရင်းကနေ စတင်ကာ ပခုံးတလျှောက်ဖြတ်သွားပြီး ကျောအလယ်အထိ ရောက်ရှိပါတယ်။

 

ဦးခေါင်း၊ လည်ပင်း၊ လက်၊ ပခုံးတို့ကို လှုပ်ရှားနိုင်ရန် ကူညီပေးပြီး ကျောရိုးနဲ့ ကိုယ်နေဟန်ထား တည်ငြိမ်စေပါတယ်။

 

ဒီကြွက်သားတွေက လည်ပင်းကို ချိတ်ဆက်ထားသလို မျက်နှာချင်းဆိုင် စကားပြောနေတဲ့အခါမှာလည်း မြင်တွေ့နိုင်တဲ့အရာတွေ ဖြစ်ကြောင်း ဒေါက်တာမစ်ချ်ဘရောင်းက ပြောပြသွားပါတယ်။

 

အာကန်ဆက်စ်တက္ကသိုလ်မှ သုတေသီတွေက ကွန်ပျူတာဖြင့် ဖန်တီးထားပြီး လည်ပင်းသာကွဲပြားတဲ့ တူညီတဲ့အမျိုးသားပုံရိပ် ၄ ခုကို ပါဝင်စမ်းသပ်သူ ၃၀၅ ဦးကို ကြည့်ရှုစေခဲ့ပါတယ်။


ပုံထဲက အမျိုးသားကိုကြည့်ပြီး တိုက်ရည်ခိုက်ရည်ကောင်းမကောင်း၊ ရေရှည်ရေတို ပေါင်းဖက်ရန် သင့်မသင့်၊ မိမိသားသမီးကို ကာကွယ်နိုင်စွမ်း ပြုစုပျိုးထောင်နိုင်စွမ်း ရှိမရှိတို့ကို အမှတ် ၁ မှ ၇ အထိ ပေးခဲ့ကြပါတယ်။

 

လည်ပင်းကြွက်သားကြီးသူတွေက သားသမီးတွေကို ကာကွယ်ပေးချင်စိတ်ရှိပေမယ့် ပြုစုပျိုးထောင်စိတ် နည်းပါးပြီး ရေရှည်လက်တွဲချင်စိတ် နည်းပါးတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။


လည်ပင်းသေးသူတွေကတော့ ပြုစုပျိုးထောင်သူကောင်းတွေ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။

 

အစဥ်အလာအရတော့ အမျိုးသားတွေရဲ့ လည်ပင်းကိုကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အကဲဖြတ်ကြပါတယ်။

 

မျက်နှာနဲ့ ခန္ဓာကိုယ်ထက်စာရင် လည်ပင်းက ယောက်ျားတစ်ယောက်ကို ခန့်မှန်းရာမှာ ပိုပြီးယုံကြည်စိတ်ချရပါတယ်။

 

သုတေသီတွေက ဓာတ်ပုံထဲမှာ လည်ပင်းကိုကွေးပြီး ခေါင်းကိုဆန့်တဲ့ စတာနိုကလီဒိုမက်စတွိုက် ကြွက်သားကိုလည်း ဖန်တီးခဲ့ပေမယ့် အမျိုးသားတွေရဲ့ ဖခင်ပီသစိတ်ကို ခန့်မှန်းရာမှာ ထိရောက်မှု မရှိခဲ့ပါဘူး။

 

နောက်ပိုင်းသုတေသနတွေမှာလည်း အမျိုးသားတွေရဲ့ လည်ပင်းတည်ဆောက်ပုံကိုကြည့်ပြီး စိတ်အခြေအနေတွေကို အကဲဖြတ်ရာမှာ အသုံးဝင်နိုင်ဖွယ်ရှိပြီး ဒီလေ့လာချက်က လူမျိုးကွဲပြားမှုတွေမှာ ယူဆရနိုင်သလားဆိုတာ လေ့လာရဦးမှာဖြစ်သလို လက်ရှိစမ်းသပ်ချက်ကတော့ အမေရိကန်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

#World_Health #လည်ပင်းအရွယ်အစား #ဖခင်ပီသမှုကိုအကဲဖြတ်
Source: New York Post