#World_Health
Published 13 September 2023


မနက်ခင်းမှာ အကြမ်းခြောက် လက်ဖက်ရည်သောက်သုံးရင် လူကိုအာရုံနိုးကြားစေပြီး တစ်နေ့တာကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။

 

လူအချို့က အကြမ်းခြောက် လက်ဖက်ရည်သောက်တာကို မကောင်းဘူးလို့ ပြောကြပေမယ့် တကယ်တမ်းတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေပါတယ်။

 

လက်ဖက်ရည် ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ပါတယ်။

 

လက်ဖက်ရည်သောက်ခြင်းရဲ့ အကောင်းမွန်ဆုံး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
 


(၁) ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း

 

လက်ဖက်ခြောက်က ခန္ဓာကိုယ်အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်ကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။


 
(၂) နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

 

တရုတ်နိုင်ငံမှ လူပေါင်း ၃ သိန်းခွဲကို လေ့လာခဲ့ရာ လက်ဖက်ရည်သောက်သုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ထိုထဲမှာပါဝင်တဲ့ သီယိုဖိုင်လင်းက အသက်ရှူလမ်းကြောင်း ကြွက်သားများကို ပြေလျော့စေကာ အသက်ရှူရ လွယ်ကူစေပါတယ်။


 
(၃) ဝေဒနာများသက်သာစေခြင်း

 

လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးကာ လူကိုနိုးကြားစေပြီး ငိုက်မျဥ်းခြင်းကို ကင်းဝေးစေပါတယ်။

 

လက်ဖက်ရည် ပုံမှန်သောက်ခြင်းဖြင့် ဦးနှောက်ထဲက အစိတ်အပိုင်းတွေ အစီအစဥ်တကျ ဖြစ်စေကာ မှတ်ဉာဏ်ပိုင်းလုပ်ဆောင်ချက် ကောင်းမွန်စေတယ်လို့ တွေ့ရှိထားပါတယ်။
 
(၄) အလှအပရေးရာအတွက် အထောက်အကူဖြစ်ခြင်း

 

လက်ဖက်ရည်သောက်ခြင်းဖြင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နုပျိုကျန်းမာစေတဲ့အပြင် ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးပါတယ်။


 
(၅) ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း

 

လက်ဖက်ရည် မသောက်သူတွေထက်စာရင် သေက်သုံးလေ့ရှိသူတွေဟာ ခန္ဓာကိုယ် အဆီအချိုးနှုန်းကို လျော့ကျစေကာ ခါးပိုမိုသွယ်လျစေပါတယ်။


 
သတိထားရမှာကတော့ တော်သင့်ရုံသာ သောက်သုံးဖို့နဲ့ ညပိုင်းမှာရှောင်ရှားဖို့ပါပဲ။

 

#World_Health #လက်ဖက်ရည်သောက်သုံးခြင်း #ကျန်းမာရေးအကျိုးကျေးဇူးများ
Source: NDTV