မော်ရိုကိုနိုင်ငံ သမိုင်းဝင် မာရက်ကားမြို့တွင် သောကြာနေ့ညက ပြင်းအား၇.၀ အဆင့်ရှိ ငလျင်လှုပ်ရှားရာ လူ ၂၀၁၂ ဦး သေဆုံးပြီး ၂၀၅၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူများအထဲတွင် ၁၄၀၄ ဦးမှာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

မော်ရိုကိုနိုင်ငံ အယ်လ်ဟောင်းပြည်နယ် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မာရက်ကားမြို့မှ ၇၀ ကီလိုမီတာအကွာရှိ အစ်ဟေးလ်မြို့အနီး ဗဟိုပြုကာ ငလျင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။  CCTV +