Published_ 10 September 2023

အစ္စရေးလ်နိုင်ငံ ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်မှ သုတေသီများက ဓာတ်ခွဲခန်းမှ ထုတ်လုပ်တဲ့ ပင်မစတမ်းဆဲလ်တွေကနေ ရရှိလာတဲ့ ၁၄ ရက်သက်တမ်းရှိ လူသားသန္ဓေသားပုံစံများကို ပထမဆုံးအနေဖြင့် အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။

ဒါဟာ လူသားဖြစ်ပေါ်မှု အစောဆုံးအဆင့်တွေကို ဝင်ရောက်ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး မျိုးမအောင်ခြင်း၊ မမွေးဖွားနိုင်ခြင်း၊ အတွင်းအင်္ဂါကြီးထွားမှု ပြဿနာတွေကို သုတေသနပြုလုပ်ဖို့ နည်းလမ်းတွေ ထွက်ပေါ်လာစေပါတယ်။

မော်လီကျူးဇီဝပညာရှင် ပရော်ဖက်ဆာ ဂျေကော့ဟန်နာ ဦးဆောင်တဲ့ ဝစ်ဇ်မန်းသုတေသီအဖွဲ့က ပင်မစတမ်းဆဲလ်နှစ်မျိုးဖြင့် စတင်စမ်းသပ်ခဲ့ကာ လူ့အရေပြားဆဲလ်များမှ ပြန်လည်ပြုပြင်ထားတဲ့ ဆဲလ်တွေနဲ့ ဓာတ်ခွဲခန်းထုတ် ပင်မစတမ်းဆဲလ်တွေကနေ ရရှိတဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဂျေကော့ဟန်နာမှ ဖန်တီးခဲ့တဲ့ အထူးနည်းပညာဖြင့် ထိုဆဲလ်တွေကို ၇ ရက်သက်တမ်းရှိ အစားထိုးခွဲစိတ်နိုင်မယ့် သန္ဓေသားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါတယ်။

အရိုးစင်းဆုံး ပင်မစတမ်းဆဲလ်တွေကို သန္ဓေသား၊ သန္ဓေအိတ်၊ အချင်းဆိုပြီး ၃ ခုခွဲခြားလိုက်ပါတယ်။

ဓာတုပစ္စည်းများ၊ အခြားအခြေအနေများနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ၁ ရာခိုင်နှုန်းလောက်က ၁၄ သက်တမ်းရှိ လူသားသန္ဓေတည်ဆောက်မှုကို မြင်တွေ့ခဲ့ရပါတယ်။

မိုက်ခရိုစကုပ်ဖြင့် ကြည့်ရှုရာမှာ အတွင်းဖွဲ့စည်းပုံတွေက လူသားသန္ဓေသားပုံသဏ္ဍာန်တွေနဲ့ ကိုက်ညီနေပါတယ်။

ပထမဆုံးလက အရေးကြီးပြီး ထည့်သွင်းလိုက်တဲ့ ဆဲလ်တွေက အင်္ဂါစုံပါဝင်တဲ့ သန္ဓေသားဖြစ်လာချိန်မှာတော့ နားလည်ရခက်နေပါတယ်။

သူတို့အဖွဲ့ဟာ သန္ဓေသား ကောင်းစွာမဖွံ့ဖြိုးဘဲ ကိုယ်ဝန်စောစီးစွာ ပျက်ကျရတဲ့ဖြစ်စဥ်တွေကို လေ့လာထားပြီးဖြစ်ပြီး နောက်ထပ်လေ့လာမှုများ ပြုလုပ်ခြင်းဖြင့် မွေးဖွားမှုချို့ယွင်းခြင်း မျိုးမအောင်ခြင်း ပြဿနာများရဲ့ အကြောင်းအရင်းများကို သိရှိလာနိုင်ဖွယ်ရှိကာ ဆဲလ်တစ်ရှူးတွေနဲ့ အင်္ဂါတွေ အစားထိုးခွဲစိတ်နိုင်ဖို့ အရေးပါလာမှာဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ရှိချက်တွေက ဖြေရှင်းချက်အခွင့်အလမ်း များစွာပေါ်ပေါက်လာနိုင်ပြီး သန္ဓေသားဖွံ့ဖြိုးမှု ပြဿနာများကို ဖော်ထုတ်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားသွားပါတယ်။  
Source: India Today
#World_Science
#YMG #Yangon_Times