၃၀ ဩဂုတ် ၂၀၂၃

ဆော်ဒီအာရေဗျမှာ ကျောင်းသားတွေ ရက်ပေါင်း (၂၀)တိတိ ခွင့်မတိုင်ဘဲ ကျောင်းပျက်ကွက်ရင် အဲဒီကျောင်းသားတွေရဲ့ မိဘတွေဟာ ထောင်ဒဏ်နှင့်ရင်ဆိုင်ရနိုင်တယ်လို့ ပင်လယ်ကွေ့သတင်းဌာနက သတင်းအရသိရပါတယ်။ ဒီဆောင်ရွက်မှုဟာ ဆော်ဒီအာရေဗျရဲ့ ကလေးသူငယ်ကာကွယ်ရေး ဥပဒေအရဖြစ်ပြီး လာမယ့် စာသင်နှစ်တွေမှာ  ပညာရေးအရည်အသွေးတွေမြှင့်တင်ရေး ရည်ရွယ်တာဖြစ်ပါတယ်။

ဆော်ဒီရဲ့  မက်ကား သတင်းစာပါသတင်းကို ကိုးကားပြီး ပင်လယ်ကွေ့သတင်းက သတင်းရေးသားရာမှာ တကယ်လို့ ကျောင်းသားတစ်ဦးဟာ တရားဝင်ခွင့်တိုင်ကြားခြင်းမရှိဘဲ ရက်ပေါင်း ၂၀ ကျောင်းပျက်ရင် နိုင်ငံရဲ့ ကလေးသူငယ် ကာကွယ်ရေးဥပဒေအရ ပြည်သူ့တရားစွဲဌာနဟာ မိဘတွေကို ခေါ်ယူစစ်ဆေးမယ်လို့သိရပါတယ်။

စစ်ဆေးမှုတွေပြီးးသွားရင် အမှုကို တရားရုံးကို လွှဲပေးပါလိမ့်မယ်။ တကယ်လို့ ကလေးပျက်ကွက်မှုဟာ မိဘတွေရဲ့ လျစ်လျူပြုမှုကြောင့်လို သက်သေပြနိုင်ရင် မိဘတွေကို သင့်တင်တဲ့ ထောင်ဒဏ်ချနိုင်တဲ့ လုပ်ပိုင်ခွင့် တရားရုံးကို ပေးအပ်ထားပါတယ်။

အဲသလိုအရေးယူဆောင်ရွက်ဖို့လည်း အဆင့်များစွာရှိပါတယ်။ ပထမဆုံး ကျောင်းအုပ်ကြီးက အဲဒီလိုရက်ရှည် ကျောင်းပျက်မှုကို သက်ဆိုင်ရာ ပညာရေးဌာနကို အစီရင်ခံရမှာဖြစ်ပြီး အဆိုပါဌာနက ကနဦးစုံစမ်းမှု လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာနဟာ အဆိုပါကိစ္စကို ဆက်လက်အရေးယူဆောင်ရွက်မှာဖြစ်ပြီး မိသားစုစောင့်ရှောက်ရေးဌာနက အဆိုပါကျောင်းပျက်ကွက်မှုကို ကြားနာရပါမယ်။ အဲဒီနောက်လိုအပ်လာရင်တော့ အမှုကို တရားစွဲအရာရှိထံဆက်လက်လွှဲပေးမှာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်လတာနွေရာသီကျောင်းပိတ်ပြီးနောက် ကျောင်းသူကျောင်းသား (၆)သန်းကျော်ဟာ ကျောင်းကိုပြန်လာကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source WION