Published_ 28 August 2023

ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)မှာ ဂြိုဟ်သားများ ရှိနေနိုင်တယ်ဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းကို နာဆာသိပ္ပံပညာရှင် ဒေါက်တာ မစ်ရှဲလ်သောလာက တင်ပြလိုက်ပါတယ်။

ဗီးနပ်စ်ဂြိုဟ်က အပူချိန် ၄၇၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိကာ အက်ဆစ်ဓာတ်များတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။

ဒါပေမဲ့ ဂြိုဟ်သားတွေက ဗီးနပ်စ်ဂြိုဟ်မှာ ခိုအောင်းနေနိုင်ပြီး လူသားတွေ မနေနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်နေလောက်တယ်လို့ ဒေါက်တာသောလာက ဆိုလိုက်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပြည့်နေတဲ့ ထိုနေရာမှာ သက်ရှိတွေ ရှိနေနိုင်တယ်ဆိုတဲ့ လက္ခဏာမျိုး တွေ့ထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

သောကြာဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်နဲ့ တည်ဆောက်ပုံ အရွယ်အစား ဆင်တူပေမယ့် လူသားတွေဟာ ဗီးနပ်စ်ဂြိုဟ်မှာ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ဘူးလို့ နက္ခတ္တဗေဒပညာရှင်များက ပြောပြခဲ့ပါတယ်။

သက်ရှိရယ်လို့ ဖြစ်လာရန် ဓာတုဓာတ်ပြုမှုအရ အရည်လိုအပ်ပြီး ဂြိုဟ်သားများ ရှာဖွေဖို့အတွက် အရည်နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိရန် လိုအပ်တယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ နက္ခတ္တဇီဝပညာရှင် ပရော်ဖက်ဆာ ဒိုမီနစ်ပါပီနော့က ဆိုပါတယ်။

ဗီးနပ်စ်မှာ အရင်က အရည်ရှိကောင်းရှိနိုင်ပေမယ့်  လက်ရှိအချိန်မှာ ပူလွန်းနေတာကြောင့် သက်ရှိတွေ ရှိနေနိုင်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခက်ခဲနေကြောင်း ပရော်ဖက်ဆာက ဆိုပါတယ်။

မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်)နဲ့ နေစကြဝဠာအပြင်ဘက်ရှိ ရေခဲပြင်လဂြိုဟ်တွေမှာတော့ သက်ရှိအရိပ်အယောင်တွေ မြင်တွေ့ဖွယ်ရှိတယ်လို့လည်း ပရော်ဖက်ဆာက ပြောပြခဲ့ပါတယ်။

ထိုနေရာတွေမှာ အရည်ရှိနေနိုင်တဲ့အပြင် ရုပ်ကြွင်းတွေ ထိန်းသိမ်းကျန်ရှိနိုင်တယ်ဆိုတဲ့ ဘူမိဗေဒ အထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times