#BreakingNews

၂၂ ဩဂုတ် ၂၀၂၃
 
ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင်းဟာ လုံလောက်တဲ့ထောက်ခံမဲ ပါလီမန်မှာရရှိလို့ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်သွားပြီလို့ နေရှင်းသတင်းက ရေးသားပါတယ်။
 
အပြန်အလှန်ငြင်းခုံဆွေးနွေးကြပြီးနောက် ယခင် အိမ်ခြံမြေသူဋ္ဌေးကြီး သာဗီဆင်းဟာ ပူးပေါင်းပါလီမန်အစည်းအဝေးမှာ လိုအပ်တဲ့ ထောက်ခံမဲဖြစ်တဲ့  စုစုပေါင်းအမတ်အရေအတွက်ရဲ့ တစ်ဝက်ကျော်ထောက်ခံမဲရခဲ့တာဖြစ်တယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
 
ဆရက်သာကို ဖွေထိုင်းဦးဆောင်တဲ့ ညွန့်ပေါင်းပါတီ ၁၁ခုက အဆိုပြုခဲ့တာဖြစ်ပါတယ်။ အဲဒီညွန့်ပေါင်းဟာ ထိုင်ခုံနေရာ ၃၁၄နေရာရှိထားပါတယ်၊
 
ယနေ့ ပြည်တော်ပြန်လာတဲ့  ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထိုင်းတရားရုံးချုပ်က ချက်ခြင်းပဲ ထောင်ဒဏ် (၈)နှစ် ချလိုက်ပြီး သူ့ကို ဘန်ကောက်အကျဉ်းထောင်ထဲက ဆေးရုံမှာ သီးခြားအခန်းတစ်ခန်းပြင်ဆင်ပေးကာ ဆေးရုံမှာ ဆေးဝါးကုသခံရင်း ထောင်ဒဏ်ကိုကျခံမယ်လို့လည်း ဘန်ကောက်ပို့စ်မှာသတင်းဖော်ပြထားပါတယ်၊