#World_Health
Published 21 August 2023


ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးဖို့က ကျန်းမာရေးအတွက် အရေးကြီးသလို ဦးနှောက်အတွက်လည်း အထူးသင့်လျော်ပါတယ်။

 

ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ထောက်ပံ့ရာမှာ အချို့သော အာဟာရဓာတ်တွေက အရေးကြီးပါတယ်။

 

- ဗိုက်တာမင်-ဒီ

ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းကြောင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပါတယ်။

 

ဗိုက်တာမင်-ဒီ ဖြည့်စွက်ခြင်းဖြင့် ၁၀ နှစ်ကြာသည့်တိုင်အောင် ဒီမန်ရှာဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်းလျော့ကျစေပါတယ်။

 

- မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်က ဦးနှောက်လုပ်ဆောင်ချက်နဲ့ ဇီဝကမ္မဖြစ်စဉ်အများအပြားမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။

 

မဂ္ဂနီဆီယမ် အစားနည်းတဲ့အခါ အသက်အရွယ်နောက်ပိုင်းမှာ ဒီမန်ရှာဖြစ်နိုင်ချေ ပိုများကြောင်း သုတေသန တွေ့ရှိထားပါတယ်။

 

မဂ္ဂနီဆီယမ် များများစားပေးတဲ့အခါ အသက်အရွယ်အလိုက် ဦးနှောက်ကျုံ့ခြင်းကို သက်သာစေပြီး ဒီမန်ရှာဖြစ်နိုင်ချေ နည်းပါးသွားကာ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်လာပါတယ်။

 

- ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ်

ကယ်လ်စီယမ်က သွားနဲ့အရိုး ကျန်းမာရေးအတွက် အရေးကြီးသလို ကြွက်သားလုပ်ဆောင်ချက်နဲ့ အာရုံကြောပေးပို့မှုတို့မှာလည်း အရေးပါပါတယ်။

 

ပိုတက်ဆီယမ်ကတော့ ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်ကို ထိန်းညှိပေးကာ အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အရေးပါပါတယ်။

 

- ဗိုက်တာမင်-ဘီ

ဗိုက်တာမင်-ဘီအုပ်စုက အာရုံကြောကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။


ငါး၊ ကြက်ဥ၊ အသားတို့မှာ တွေ့ရတဲ့ ဘီ-၁၂ ကို ဖြည့်စွက်စာအဖြစ် သုံးစွဲနိုင်ကာ ဒီအင်န်အေနဲ့ သွေးနီဥဖွဲ့စည်းခြင်းမှာ အရေးပါပြီး ဦးနှောက်နဲ့ အာရုံကြောဆဲလ်များ ဖြစ်ပေါ်မှုကို အားပေးပါတယ်။

 

ဘီ-၉ ဖောလိတ်ကတော့ ဦးနှောက်အသိဉာဏ် ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးကြီးပါတယ်။

 

#World_Health #ဒီမန်ရှာရောဂါ #ဦးနှောက်ကျန်းမာရေး #အာဟာရဓာတ်
Source: SCMP