#World_Health
Published 19 August 2023


ညဘက်အထိ အလုပ်လုပ်ကြသူတွေမှာ ညဘက်ကျမှ အစာပြေစားတတ်တဲ့အကျင့် ရှိတတ်ပါတယ်။

 

အစာပြေမုန့်တွေမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့အဆီတွေ များစွာပါဝင်နေကာ နေ့ညခန္ဓာကိုယ်လုပ်ဆောင်ချက်တွေသာမက အိပ်စက်ခြင်းစက်ဝန်းကိုလည်း ထိခိုက်နေနိုင်ပါတယ်။

 

ထိုကဲ့သို့အချိန်မျိုးမှာ စားချင်သောက်ချင်စိတ် ပေါ်ပေါက်လာရတာက ဆာလောင်ခြင်း၊ အကျင့်ဖြစ်ခြင်း၊ ပျင်းရိခြင်း၊ စိတ်ဖိစီးခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ထိုအချိန်မှာ စားသောက်တဲ့ အစားအစာရဲ့ အရည်အသွေး၊ ပမာဏ၊ အချိန်တို့က လူတွေရဲ့ကျန်းမာရေးကို အတော်လေးသက်ရောက်နေပါတယ်။

 

အာလူးကြော်၊ ပီဇာနဲ့ ထိုကဲ့သို့ စားစရာတွေကတော့ ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

 

ညဘက်နောက်ကျမှ စားသောက်တတ်ခြင်းကြောင့် အဝလွန်ခြင်း ဖြစ်လာနိုင်ချေများကြောင်း ဘရစ်ဂမ်နှင့်အမျိုးသမီးဆေးရုံမှ သုတေသီများ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ညဘက်မှ စားခြင်းကြောင့် အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်နိုင်ကာ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်နိုင်စေနိုင်ပါတယ်။

 

အစားအစာကို ချေဖျက်ဖို့ကြိုးစားရင်း ညဘက်မကြာခဏ နိုးနေတတ်တယ်လို့ အာဟာရပညာရှင် 'ကယ်လ်ဆီကူနစ်'က ပြောပြခဲ့ပါတယ်။

 

ဒါပေမဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့လည်း ရနိုင်ပြီး ဥပမာအားဖြင့် နေ့ဘက်မှာ မရလိုက်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တာမျိုး ဖြစ်ပါတယ်။

 

ဒိန်ချဉ်၊ ခရက်ကာ၊ အခွံမာသီးတို့က အရေးကြီးဗိုက်တာမင်များ၊ သတ္တုဓာတ်များ ပေးစွမ်းနိုင်တဲ့အပြင် ဆာလောင်စိတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

 

အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ အိပ်စက်မှုကိုထိန်းညှိပေးတဲ့ ဟော်မုန်းများ ထုတ်လုပ်ပေးတာကြောင့် ညဘက်စားချင်တဲ့အခါ ဒီလိုစားစရာမျိုးကို ရွေးချယ်သင့်ပါတယ်။

 

#World_Health #ညဘက်အဆာပြေစားခြင်း #ကျန်းမာရေးသက်ရောက်မှု
Source: India Today