Published -6 Nov 2021

လက်တင်ဂရမ်မီတေးဂီတဆုရှင် ဘရာဇီးရဲ့ ကန်ထရီး အဆိုတော်မလေး မင်ဒွန်ဆာဟာ သောကြာနေ့က လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။

အသက်၂၆နှစ်အရွယ်သာရှိသေးတဲ့ မာရီလီယာမင်ဒွန်ဆာဟာ  မင်နတ်စ်ဂါရေးစ်ပြည်နယ်အတွင်း လေယာဉ်ငယ်ကလေးတစီးနှင့် ခရီးသွားစဉ် လေယာဉ်ပျက်ကျသေဆုံးခဲ့ရတာဖြစ်တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

ဘာကြောင့်လေယာဉ်ပျက်ကျရတယ်ဆိုတာတော့မသိရသေးပါဘူး။ အဆိုတော်မလေးနှင့်အတူ သူမရဲ့တေးထုတ်လုပ်သူနှင့် သူမအတွက်လုပ်လုပ်ပေးနေတဲ့ဦီးလေးတော်သူတစ်ဦး၊ လေယာဉ်မှူးနှစ်ဦးပါသေဆုံးခဲ့ကြရပါတယ်။

ပြည်တွင်းရုပ်သံမှာ ရေတံခွန်အနီးမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပျက်ထဲကနေ အလောင်းတွေထုတ်ယူသယ်ဆောင်နေတာတွေကိုပြသခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့နေရာဟာ ကာရက်တင်ဂါမြို့အနီးက ကျေးလက်ဒေသတစ်ခုမှာဖြစ်ပါတယ်။ အဆိုတော်မလေးဟာ အဲဒီမြို့မှာ သောကြာနေ့ တေးဂီတဖျော်ဖြေပွဲတင်ဆက်ဖို့ရှိနေတာပါ။

မင်ဒွန်ဆာဟာ ၂၀၁၉ခုနှစ်မှာ လက်တင်ဂရမ်မီတေးဂီတဆုကို သူမရဲ့အကောင်းဆုံးအယ်လ်ဘမ် ဆာတန်နီဂျိုနှင့် ရရှိခဲ့ကြပါတယ်။ အဲဒီတေးအယ်လ်ဘမ်ဟာ ဘရာဇီးနိုင်ငံသာမကဘဲ အပြင်ဖက်အထိလူကြိုက်များခဲ့တာပါ။ သူမဟာ ယူကျုမှာ ဖော်လိုဝါ၂၂သန်းရှိပြီး Spotifyကနေ လစဉ်နားထောင်သူ ရှစ်သန်းကျော်ရှိနေသူဖြစ်ပါတယ်။

++++++++++++

လေယာဉ်ပျက်ကျမှု မှတ်တမ်းဗွီဒီယို >>>>>>>>>

https://t.me/yangonmediagroup/2355

မှာကြည့်ရှုနိုင်ပါတယ်။