#World_Health
Published 16 August 2023


အစ္စရေးလ်မှာ ဆယ်ကျော်သက်များ အွန်လိုင်းဂိမ်းကစားခြင်းနဲ့ ပတ်သက်ပြီး ပထမဆုံးစစ်တမ်းကောက်ယူခဲ့ရာ မသင့်လျော်တဲ့ မြင်ကွင်းတွေ၊ အကြမ်းဖက်မှုတွေ၊ ညစ်ညမ်းမှုတွေ၊ အန္တရာယ်ရှိ အကြောင်းအရာတွေနဲ့ ထိတွေ့နေရပုံကို စိုးရိမ်ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။

 

လူငယ်များ ကစားနေတဲ့ အွန်လိုင်းဂိမ်း ၄၀ ရာခိုင်နှုန်းကျော်လောက်ဟာ အလွန်ကို မသင့်လျော်တဲ့ အရာတွေ ပါဝင်နေပါတယ်။

 

ထိုထဲက ၆၆ ရာခိုင်နှုန်းလောက်ဟာ သူတို့ကို အန္တရာယ်ဖြစ်စေနိုင်ပုံကို လူကြီးမိဘထံ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

 

ထိုစစ်တမ်းကို အမျိုးသားကလေးကာကွယ်ရေးဌာနချုပ်နဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန သိပ္ပံပညာရှင်ချုပ်ရုံးတို့မှ ကောက်ယူဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

ထိုစစ်တမ်းကို အစ္စရေးလ်ရှိ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ၄၃၅ ဦးကို ၂၀၂၂ ခုနှစ်မှာ အင်တာဗျူးမေးမြန်းခဲ့ပါတယ်။

 

အာရပ်လူငယ်တွေကြား အွန်လိုင်းဂိမ်းကစားခြင်းက သိသိသာသာ မြင့်တက်လာကာ အစ္စရေးလ်မှ လူငယ် ၇၀ ရာခိုင်နှုန်းလောက်က ကစားကြပါတယ်။

 

ဂိမ်းကစားစဉ် ၅၀ ရာခိုင်နှုန်းကျော်လောက်က သူတို့မသိတဲ့ လူတစ်ယောက်နဲ့ အွန်လိုင်းကနေ ပြောဆိုကြသလို ၁၈ ရာခိုင်နှုန်းလောက်ကတော့ သူတို့တစ်ခါမှ မဆုံဖူးတဲ့လူနဲ့ စကားပြောဆိုကြပါတယ်။

 

လူငယ် ၄၃ ရာခိုင်နှုန်းက ကျောင်းပိတ်ရက်တွေမှာ တစ်နေ့ကို ၁ နာရီမှ ၂ နာရီကြား ဆော့ကစားကြပြီး ၁၂ ရာခိုင်နှုန်းက တစ်နေ့ကို ၃ နာရီကျော် ကစားပါတယ်။

 

အဆော့အများဆုံး အားကစားဂိမ်တွေကတော့ FIFA soccer နဲ့ NBA basketball တို့ဖြစ်ပြီး ၃ ပုံ ၁ ပုံလောက်က သူတို့ရဲ့အကောင့်အသေးစိတ်ကို တခြားတစ်ယောက်သို့ ပေးဖူးတယ်လို့ သိရပါတယ်။

 

သူတို့မသိတဲ့သူနဲ့ ပထမဆုံးအကြိမ် ဆော့ကစားဖို့အတွက် အချက်အလက်တွေ တောင်းခံလေ့ရှိတယ်လို့ ၄ ပုံ ၁ ပုံက ပြောပြခဲ့ပါတယ်။

 

လူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ အနိုင်ကျင့်မှု၊ နှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ ညစ်ညမ်းတဲ့ ကမ်းလှမ်းမှုများပါ ကြုံတွေ့ခဲ့ဖူးပါတယ်။

 

မိဘများအနေနဲ့ သူတို့ကလေးတွေရဲ့ အင်တာနက်အသုံးပြုပုံများကို အစဉ်မပြတ် လိုက်လံကြည့်ရှုနေဖို့ လိုအပ်ပါတယ်။

 

ကလေးတွေ အသုံးပြုနေတဲ့ အက်ပ်တွေ၊ ဂိမ်းတွေကို သိရှိအောင်လုပ်ပြီး ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ပြောပြဖို့လိုအပ်ပါတယ်။

 

မိမိရဲ့ကလေးက အွန်လိုင်းကနေ အန္တရာယ်ပြုခံရတဲ့အခါ စခရင်ရှော့ပုံယူပြီး အချက်အလက်တွေကို မှတ်သားထားကာ ခြိမ်းခြောက်သူကို ခြေရာခံလိုက်နိုင်ပါတယ်။

 

#World_Health #ဂိမ်းကစား #ဘေးအန္တရာယ်ဆိုးကြုံတွေ့နေရ
Source: The Jerusalem Post