Published 13 August 2023

အခွံမာသီးများ စားပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။

နေ့စဉ် အခွံမာသီး ၃၀ ဂရမ်စားသုံးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းဝေဒနာ ဖြစ်နိုင်ချေလျော့ကျနိုင်ကြောင်း Clinical Nutrition ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အခွံမာသီး စားသုံးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ၁၇ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း၊ ဒီလေ့လာချက်ကြောင့် အခွံမာသီးစားသုံးချင်စိတ် ဖြစ်ပေါ်လာစေနိုင်ကြောင်း စိပန် ကက်စတီလာ လာမန်ချာတက္ကသိုလ်မှ 'ဘရူနိုဘီဇိုဇီရိုပယ်ရိုနီ'က ပြောပြခဲ့ပါတယ်။

ဗြိတိန်မှ အသက် ၃၇ နှစ်မှ ၇၃ နှစ်ကြား လူပေါင်း ၁၃,၅၀၀ ကို လေ့လာစမ်းသပ်ခဲ့ပါတယ်။

ဆားမပါတဲ့ ဗာဒံသီး၊ သီဟိုဠ်စေ့၊ ဆားလှော်ထားတဲ့ အခွံမာသီးတွေဖြစ်တဲ့ မြေပဲများစတဲ့ စားသုံးသမျှ အခွံမာသီးတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီလေ့လာမှုက ဗြိတိန်ရှိ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အခွံမာသီးစားသုံးမှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို ခွဲခြမ်းစိတ်ဖြာထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စမ်းသပ်ပါဝင်သူတွေကို ၅ နှစ်တိုင်အောင် အချက်အလက်များ လေ့လာခဲ့ရာမှာ ၈ ရာခိုင်နှုန်းလောက်က စိတ်ကျဝေဒနာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခွံမာသီး ၃၀ ဂရမ်ဆိုတာဟာ ဗာဒံစေ့ ၂၀ ၊ ဘရာဇီးလ်အခွံမာသီး ၁၀ ၊ သီဟိုဠ်စေ့ ၁၅ ၊ မြေပဲ ၄၀ နဲ့ ညီမျှနေပါတယ်။

နေထိုင်စားသောက်မှုပုံစံ၊ ကျန်းမာရေးအကြောင်းအရာများကိုပါ ထည့်သွင်းရင်တောင် ထိုတွေ့ရှိချက်တွေက မှန်ကန်နေဆဲဖြစ်ပြီး အခွံမာသီးတွေရဲ့ ရောင်ရမ်းဆန့်ကျင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ခြင်းတို့က ဦးနှောက်အပေါ် သက်ရောက်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

စိတ်ကျခြင်းကို ကာကွယ်ခြင်းအပြင် အဝလွန်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပုံစံ၊ အထီးကျန်ခြင်း၊ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ရာမှာလည်း အခွံမာသီးစားသုံးခြင်းက အရေးပါနေပါတယ်။

စကန်ဒီနေဗီယန်သုတေသီများ ရှာဖွေတွေ့ရှိရာမှာလည်း အခွံမာသီးနဲ့ အစေ့အဆန်အနည်းငယ်ကို နေ့စဉ်စားသုံးခြင်းဖြင့် နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း Food Nutrition Research ဂျာနယ်မှဦ ဖော်ပြခဲ့ပါတယ်။

များများစားလေ ပိုကောင်းလေဖြစ်ပြီး လုံးဝမစားတာထက်စာရင် အနည်းငယ်စားသုံးတာကလည်း နှလုံးကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေကြောင်း သိပ္ပံပညာရှင်များအဖွဲ့က ဖော်ပြခဲ့ပါတယ်။
Source: NY Post.
#World_Health
#YMG #Yangon_Times