Published_ 8 August 2023

သိပ္ပံပညာရှင် ၁၀၀ နီးပါးပါဝင်တဲ့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ဟာ နေမှတွေ့ရှိတဲ့ စွမ်းအင်အမြင့်ဆုံးအလင်းတန်းများကို ရှာဖွေတွေ့ရှိပြီးနောက် စဉ်းစားစရာဖြစ်လာပြီး ဆိုလာပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်များအတွက် ပဟေဌိဖြစ်လာပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အားအပြင်းဆုံးပေါက်ကွဲအားဟာ တယ်ရာအီလက်ထရွန်ဗို့(TeV) အကွာအဝေးရှိ ဆိုလာဂမ်မာရောင်ခြည်ကို ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နေကနေ ဂမ်မာရောင်ခြည်များအပါအဝင် စွမ်းအင်မြင့်ရောင်ခြည်အမျိုးမျိုး ထုတ်လွှတ်ကြောင်း ၁၉၉၀ ခုနှစ်တွေကတည်းက တွေ့ရှိထားပါတယ်။

ယခုတွေ့ရှိမှုမှာတော့ နေမှထုတ်လွှတ်တဲ့ ဂမ်မာရောင်ခြည်တွေဟာ မျှော်မှန်းထားတာထက် စွမ်းအင်အဆင့် ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။

ထိုကဲ့သို့ စွမ်းအင်ပေါက်ကွဲမှုကြီးနဲ့ နေရောင်ခြည်လှုပ်ရှားမှုတို့ကြား ဆက်စပ်မှု မရှိပေမယ့် စူးစမ်းချိန်မှာတော့ အတော်လေးငြိမ်သက်နေပါတယ်။

ထိုတွေ့ရှိမှုကို မက္ကဆီကိုနိုင်ငံ အမြင့်ပေ ၁၃,၅၀၀ ရှိ ဆီယာရာနီဂရာမီးတောင်အစွန်ဖျားမှာ ရှိတဲ့ HAWC စောင့်ကြည့်ရေးစခန်းကနေ တွေ့ရှိထားတာ ဖြစ်ပါတယ်။

အခြားစခန်းတွေနဲ့ မတူတာက အရင်က မရှိဖူးတဲ့ နည်းစနစ်တွေ ပါဝင်လာတာဖြစ်ပါတယ်။

HAWC စခန်းဟာ ရေသိုလှောင်ရာကန်ကြီး ၃၀၀ ဖြင့် မီးတောင်နှစ်ခုထိပ်ကြားမှာ တည်ရှိနေတာဖြစ်ပါတယ်။

ထိုနေရာကနေ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်ပြီး ဂမ်မာရောင်ခြည်ထွက်ပေါ်လာတာကို တွေ့ရှိကာ သာမန်မျက်လုံးဖြင့် မမြင်ရတဲ့ စွမ်းအင်မြင့်အမှုန်များပါ တွေ့ရှိနိုင်ပါတယ်။

ထိုဆန်းစစ်ချက်ကို ၂၀၁၄ မှ ၂၀၂၁ အတွင်း အချက်အလက်များ ရယူခဲ့တာဖြစ်ပြီး TeV ၀.၅ မှ ၂.၆ အတွင်းရှိကြပါတယ်။

နေရောင်ခြည်များရဲ့စွမ်းအင် TeV ၁၀ နီးပါးလောက်အထိ ချဲ့ထွင်သွားနိုင်ပုံတွေကို သုတေသီအဖွဲ့က ပြောကြားလိုက်ပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times