Published 7 August 2023

နိုင်ဂျာမှ အာဏာသိမ်းခေါင်းဆောင်များက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတကို ပြန်လည်နေရာချထားရန် နောက်ဆုံးသတ်မှတ်ရက်ကို ပယ်ချလိုက်ပြီးနောက် အနောက်အာဖရိက စစ်ရေးအဖွဲ့မှ ဝင်ရောက်စွက်ဖက်နိုင်တဲ့ ခြိမ်းခြောက်မှုကြောင့် သူတို့ရဲ့လေပိုင်နက်ကို ယခုတနင်္ဂနွေနေ့က နောက်ထပ်မကြေညာမချင်း ပိတ်ထားလိုက်ပါတယ်။

အစောပိုင်းက ထောင်နဲ့ချီတဲ့ စစ်အစိုးရထောက်ခံသူတွေဟာ မြို့တော်နိုင်ယမ်မေရှိ အားကစားကွင်းသို့ စုရုံးရောက်ရှိလာပြီး ဇူလိုင် ၂၆ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ပဖိအားများ တွန်းလှန်ရန် ဆုံးဖြတ်ချက်ကို တွန်းအားပေးခဲ့ကြပါတယ်။

ထိုအာဏာသိမ်းမှုဟာ အနောက်နဲ့ အာဖရိကအလယ်ပိုင်းတို့မှာ ၃ နှစ်အတွင်း ၇ ကြိမ်မြောက်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံးတစ်နေရာဖြစ်တဲ့ ဆာဟယ်ဒေသကို လှုပ်ခတ်သွားစေပါတယ်။

ယူရေနီယံနဲ့ ရေနံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အစ္စလာမ်စစ်သွေးကြွများနဲ့ စစ်ပွဲဖြစ်ပွားရာ အချက်အခြာနေရာဖြစ်နေပြီး အမေရိကန်၊ ဥရောပ၊ တရုတ်၊ ရုရှားတို့အတွက် အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ သမ္မတ'မိုဟာမက်ဘာဇူးမ်'ကို နောက်ဆုံးသတ်မှတ်ရက်အတွင်း ပြန်မလွှတ်ပေးပါက စစ်ရေးလုပ်ဆောင်မှုပြုလုပ်မယ့် အစီအစဉ်ကို အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း(ECOWAS)ရဲ့ ကာကွယ်ရေးဦးစီးချုပ်များက သဘောတူခဲ့ကြပါတယ်။

"ကြားဝင်စွက်ဖက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ဂျီးရီးယားလေပိုင်နက်ကို ယနေ့ကစပြီး ပိတ်လိုက်ပါပြီ" လို့ အာဏာရှင်ဘက်မှ ကိုယ်စားလှယ်တစ်ဦးက တနင်္ဂနွေနေ့ညနေပိုင်းမှာ ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။

စွက်ဖက်မှုကို ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေဖြင့် အာဖရိကအလယ်ပိုင်းနှစ်နိုင်ငံမှာ တပ်ဖွဲ့ဝင်များ နေရာချထားကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်သူတွေ မဆုတ်မနစ်ထောက်ခံ့မှုနဲ့အတူ နိုင်ဂျာရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်တွေအားလုံးဟာ ယင်းတို့ရဲ့နယ်မြေကို ကာကွယ်ရန် အသင့်ဖြစ်နေပြီလို့ ပြောကြားသွားပါတယ်။

အာဏာရှင်ကို ထောက်ခံတဲ့ ပြည်သူတွေက နိုင်ယမ်မေရှိ လေတပ်စခန်းအနီးမှာ စစ်ရေးတီးလုံးများ၊ ဗူဗူဇီလာနှဲများဖြင့် အကြမ်းမဖက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နိုင်ငံရပ်ခြား နယ်ချဲ့သမားတွေက ယင်းတို့ကို အဆုံးသတ်စေနိုင်ပြီး ဘေးဒုက္ခခံစားရနိုင်တယ်ဆိုတာကို နိုင်ဂျီးရီးယားပြည်သူတွေ သိထားကြကြောင်း ပင်စင်စား'အာမာဒူအက်ဒါမူ'က ပြောပြခဲ့ပါတယ်။

နိုင်ဂျာနိုင်ငံဟာ ပြည်တွင်းမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁,၀၀၀ မှ ၁,၅၀၀ ကြားထားရှိရန် စစ်ရေးသဘောတူညီမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်အားပြတ်တောက်မှုများ၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာစေတဲ့ ECOWAS ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကြဖို့ကို ဆွေးနွေးပွဲတွေအား ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။

အစ္စလာမ်သူပုန်ထကြွမှုကို တွန်းလှန်နေရပြီး လူပေါင်းထောင်ချီသေဆုံးထားကာ လူသန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသတစ်ခုမှာဆိုရင်ပြင်ပအဖွဲ့အစည်းရဲ့ စစ်ရေးခြိမ်းခြောက်မှုကြောင့် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်နေကြပါတယ်။
Source: Reuters
#World_Politics
#YMG #Yangon_Times