Published_ 28 July 2023

စိတ်ဖိစီးမှုနဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုတို့ကြား သိသာတဲ့ဆက်စပ်မှုကို တဲလ်အေဗစ်တက္ကသိုလ်သုတေသီများက ပထမဆုံးအကြိမ်ဖြင့် ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ၉ ရက်မှ ၁၂ ရက်အကြာမှာ စိတ်ဖိစီးမှုခံစားရတဲ့ ကြွက်တွေက သာမန်ကြွက်တွေနဲ့ယှဉ်ရင် ကာကွယ်ဆေးအပေါ် ပဋိပစ္စည်းတုန့်ပြန်မှုက ၇၀ ရာခိုင်နှုန်းရှိတာကို တွေ့ခဲ့ပါတယ်။

ကာကွယ်ဆေးထိရောက်မှုအပေါ် စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုက အတော်လေးကျယ်ပြန့်တာကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့တယ်လို့ ပြောပြခဲ့ကြပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုက သူ့ရဲ့ကိုယ်ပိုင် အရည်အသွေးနဲ့ပဲ သက်ဆိုင်တယ်လို့ အရင်က ယူဆခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ အသက်အရွယ်၊ မျိုးဗီဇ၊ မိုက်ခရိုဘိုင်အုန်းတို့နဲ့လည်း ဆက်စပ်နေတယ်လို့ ဖော်ပြလာကြပါတယ်။

စိတ်ဖိစီးမှုဆိုတဲ့ အခြေအနေက ရုတ်တရက်ထွက်ပေါ်လာတဲ့ တုန့်ပြန်မှုဖြစ်ကာ အက်ဒရီနယ်လင်ထုတ်လုပ်ခြင်းနဲ့ လှုံ့ဆော်ခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။

စမ်းသပ်ချက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ၉ ရက်အကြာမှာ ကိုယ်ခံအားလှုပ်ရှားလာပြီး ပဋိပစ္စည်းများ စတင်ထွက်ရှိလာကာ ကြွက်တွေကို ဖိစီးမှုအခြေအနေနဲ့ ကြုံတွေ့အောင် ပြုလုပ်ခဲ့ကြပါတယ်။

နှစ်ပတ်ခွဲကြာပြီးနောက် ဖိစီးမှုကြုံတွေ့ထားရတဲ့ ကြွက်တွေက သာမန်ကြွက်တွေထက် ပဋိပစ္စည်းပမာဏ ၇၀ ရာခိုင်နှုန်းပိုများနေခဲ့ပါတယ်။

ဖိစီးမှုခံစားရတဲ့ တိရိစ္ဆာန်တွေရဲ့ ကိုယ်ခံအားစနစ်က ကာကွယ်ဆေးထဲက ပရိုတိန်းမျိုးကွဲများကိုတော့ ဓာတ်ပြုခြင်းမရှိခဲ့ပါဘူး။

ပုံမှန်အတိုင်းဆိုရင်တော့ ဖိစီးမှုဆိုတာက မကောင်းတဲ့ သက်ရောက်မှုဖြစ်ပေမယ့် ကာကွယ်ဆေးထိုးနှံပြီးနောက် ဖိစီးမှုကြောင့် ရောဂါခုခံအားကောင်းမွန်တာကို တွေ့ရှိခဲ့ကြပါတယ်။

ကာကွယ်ဆေးဆိုတာက ရောဂါပိုးတစ်မျိုးတည်းကိုပဲ ကာကွယ်နိုင်ရမှာမဟုတ်ဘဲ နောက်ထပ်ပေါ်ထွက်လာမယ့် မျိုးကွဲတွေကိုလည်း ကာကွယ်နိုင်အောင် ရေရှည်မှတ်သားထားနိုင်ရမှာ ဖြစ်ပါတယ်။

ဖိစီးမှုဆိုတာဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်းကြောင့်ပါ ဖြစ်နိုင်ပါတယ်။

ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားနဲ့ ထိတွေ့တဲ့အခါ ရောဂါပိုးကိုဖယ်ရှားဖို့ ကိုယ်ခံအားကို လှုံ့ဆော်ပေးပါတယ်။

ကာကွယ်ဆေးထိုးပြီး ၉ ရက်မှ ၁၂ ရက်အကြာ ဖိစီးမှုကြုံတွေ့တဲ့အခါမှာတော့ ပဋိပစ္စည်းများစွာထွက်ရှိစေကာ ရေတိုခုခံအားမြှင့်တင်ပေးပေမယ့် ရေရှည်မှတ်သားခြင်းကိုတော့ ထိခိုက်စေနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yanon_Times