Published_ 28 July 2023

ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ သုတေသီများ ထုတ်ဖော်လိုက်ကာ ပျံ့နှံ့ပုံကို ဘယ်လိုရပ်တန့်မလဲဆိုတဲ့ နည်းလမ်းအသစ်များ တွေ့ရှိလာနိုင်ဖွယ်ရှိနေပါတယ်။

GRP78 လို့ခေါ်တဲ့ ဆဲလ်ချက်ပရုန်းပရိုတိန်းကို အာရုံစိုက်ပြီး ဆဲလ်များအတွင်း အခြားပရိုတိန်းများခေါက်ခြင်းကို ထိန်းညှိပေးကြောင်း National Academy of Sciences မှာ ဖော်ပြခဲ့ပါတယ်။

ဆဲလ်များဖိစီးမှုအောက် ရောက်နေချိန်မှာ GRP78 ကို ထိန်းချုပ်ထားပြီး ကျူးကျော်လာတဲ့ ဗိုင်းရပ်စ်တွေကို ပုံတူပွားစေပြီး ကင်ဆာတွေ ကြီးထွားရန်နဲ့ ဆေးယဉ်ပါးခြင်းတို့ကို ဖြစ်စေကြောင်း ကက်ခ်ဆေးပညာတက္ကသိုလ်အဖွဲ့က ယခင်ကတွေ့ရှိခဲ့ပါတယ်။

GRP78 က ဆဲလ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ endoplasmic reticulum ထဲမှာ နေထိုင်ပါတယ်။

ဖိစီးမှုအောက်ရောက်တဲ့အခါ ဆဲလ်နျူကလိယပ်စ်သို့ ပြောင်းရွှေ့ကာ မျိုးဗီဇလုပ်ဆောင်ချက်များနဲ့ ဆဲလ်အပြုအမူတို့ကို ပြောင်းလဲစေပြီး ကင်ဆာဆဲလ်များ ပိုမိုရွေ့လျားစေပြီး ထိုးဖောက်ဝင်ရောက်လာနိုင်ပါတယ်။

ဒါကိုအတည်ပြုဖို့အတွက် အဖွဲ့ဟာ အဆုတ်ကင်ဆာဆဲလ်များ၊ ဖိစီးမှုအောက်ရှိ ပုံမှန်ဆဲလ်များမှာ GRP78 ကို တိုက်ရိုက်ကြည့်ရှုမယ့် ပုံရိပ်အရည်အသွေးမြင့် နည်းပညာများ အသုံးပြုခဲ့ပါတယ်။

နျူကလိယပ်စ်ရှိ GRP78 မှ ထိန်းချုပ်တဲ့ အဓိကမျိုးဗီဇများဟာ ဆဲလ်ရွှေ့ပြောင်းခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်းတို့မှာ အဓိကပါဝင်နေကြောင်းကို နောက်ထပ်စစ်ဆေးခဲ့ကြပါတယ်။

GRP78 ဟာ ပုံမှန်အားဖြင့် ဆဲလ်များရွှေ့ပြောင်းရန် ခွင့်ပြုထားတဲ့ မျိုးဗီဇများကို ဖိနှိပ်ထားတဲ့ ID2 နဲ့ ချိတ်ဆက်ထားကြောင်း အဖွဲ့မှတွေ့ရှိခဲ့ပါတယ်။

GRP78 နဲ့ချည်နှောင်ထားတဲ့အခါ ID2 က မျိုးဗီဇများ ဖိနှိပ်နိုင်တော့မှာ မဟုတ်တာကြောင့် ကင်ဆာဆဲလ်များ ထိုးဖောက်ဝင်ရောက်မှုကို ထိုးဖောက်ဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

ထိုတွေ့ရှိချက်များအရ အဆုတ်ကင်ဆာရှိ EGFR ကို ဖိနှိပ်ရန် ဒါမှမဟုတ် ID2 နဲ့ချိတ်ဆက်ခြင်းမှ ကာကွယ်ရန် GPR78 ရဲ့လုပ်ဆောင်ချက်ကို လျှော့ချခြင်းလိုမျိုး ကင်ဆာကုသမှုအတွက် အလားအလာအသစ်များ အကြံပြုထားပါတယ်။

GRP78 က ပန်ကရိယ၊ ရင်သား၊ အူမကြီးကင်ဆာအပါအဝင် ကင်ဆာအမျိုးအစား အမျိုးမျိုးမှာ အလားတူအခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ကင်ဆာဇီဝဗေဒဆိုင်ရာ သုတေသနအသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times