#World_Science
Published 19 July 2023


အမေရိကန်သုတေသီတွေက အိုမင်းခြင်းနဲ့ အသက်အရွယ်ဆိုင်ရာ ရောဂါများကို တိုက်ဖျက်နိုင်မယ့် နည်းပညာအသစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ဟားဗတ်ဆေးဘက်ဆိုင်ရာကျောင်းနဲ့ မာဆာချူဆက်နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များအဖွဲ့က ပြုလုပ်တဲ့လေ့လာချက်မှာ ဆဲလ်တွေကို ပြန်လည်နုပျိုတဲ့ အခြေအနေသို့ ပုံစံသွင်းနိုင်မယ့် ပထမဆုံးဓာတုနည်းလမ်းကို ဖော်ပြခဲ့ပါတယ်။

 

ယာမာနာကာမျိုးဗီဇတွေဟာ ရင့်ကျက်နေတဲ့ဆဲလ်တွေကို iPSC ဆဲလ်များအဖြစ် ပြောင်းလဲပေးပါတယ်။

 

အဆိုပါတွေ့ရှိမှုကြောင့် ၂၀၁၂ ခုနှစ်က နိုဘယ်လ်ဆုရရှိခဲ့ဖူးကာ အဆိုပါဆဲလ်တွေ သိပ်ပြီးငယ်ရွယ်စရာမလိုဘဲ ဆဲလ်အိုမင်းခြင်းကို ဆန့်ကျင်နိုင်မလားဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။

 

လေ့လာချက်အသစ်မှာ သုတေသီတွေက ဆဲလ်အိုမင်းခြင်းကို ဆန့်ကျင်ပြီး လူသားဆဲလ်တွေကို ပြန်လည်နုပျိုစေနိုင်မယ့် မော်လီကျူးများကို လေ့လာခဲ့ကြပါတယ်။

 

ငယ်ရွယ်နုပျိုတဲ့ဆဲလ်တွေကို အိုမင်းတဲ့ဆဲလ်တွေနဲ့ ကွဲပြားသိမြင်နိုင်အောင် ဆဲလ်အခြေခံစမ်းသပ်မှုတွေကို တီထွင်ခဲ့ပါတယ်။

 

ငယ်ရွယ်တဲ့အခြေအနေဆီ တစ်ပတ်အတွင်း ပြောင်းလဲပေးနိုင်မယ့် ဓာတုကော့တေးလ် ၆ ခုကို သုတေသီအဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

 

ဒီမတိုင်ခင်အထိ အိုမင်းခြင်းကို နှောင့်နှေးခြင်းသာ အကောင်းဆုံးပြုလုပ်နိုင်ခဲ့ပေမယ့် အခုတော့ ပြန်ပြောင်းနိုင်တဲ့အထိ ဖြစ်နေပြီလို့ ဟားဗတ်တက္ကသိုလ် မျိုးရိုးဗီဇဌာနပရော်ဖက်ဆာ 'ဒေးဗစ်ဆင်ကလဲယားက ပြောကြားထားပါတယ်။

 

ယာမာနာကာမျိုးဗီဇများ ဆဲလ်ထဲသို့ဝင်ရောက်ကာ မနိုင်မနင်းဆဲလ်ကြီးထွားခြင်း မဖြစ်စေဘဲနဲ့ ဆဲလ်အိုမင်းခြင်းကို ဆန့်ကျင်နိုင်ကြောင်း ဟားဗတ်သုတေသီတွေ အရင်ကလည်း ဖော်ပြခဲ့ပါတယ်။

 

အမြင်အာရုံကြော၊ ဦးနှောက်တစ်ရှူး၊ ကျောက်ကပ်၊ ကြွက်သားတို့မှာ လေ့လာရာမှာ ကြွက်တွေကိုလေ့လာပြီးနောက် အမြင်အာရုံနဲ့ ပျမ်းမျှသက်တမ်း ပိုမိုကောင်းမွန်လာကာ မျောက်တွေမှာလည်း အမြင်အာရုံတိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

မျိုးဗီဇကုထုံးအစား ဓာတုနည်းလမ်းလေ့လာ ဖန်တီးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်း၊ ဒဏ်ရာရခြင်း၊ အသက်အရွယ်အရ ဖြစ်တဲ့ရောဂါတွေကို ကုသရာမှာ တိုးတက်လာနိုင်ပြီး အကုန်အကျနည်းပါးနိုင်ကာ အချိန်တိုတိုဖြင့် ထုတ်လုပ်လာနိုင်ဖွယ် ရှိနေပါတယ်။

 

အမြင်အာရုံတိုးတက်မှုကစလို့ အသက်အရွယ်ဆိုင်ရာ ရောဂါအများအပြားအထိ ထိရောက်စွာကုသနိုင်ဖို့အတွက် ဆေးတစ်လုံးတည်းဖြင့် အိုမင်းခြင်းကို ဆန့်ကျင်နိုင်မာဖြစ်တယ်လို့ ဆင်ကလဲယားက ဆိုပါတယ်။

 

Source: greatandhra #World_Science #အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်နိုင်မည့်ဓာတုနည်းလမ်း
#Yangon_Times