#World_News
Published 3 July 2023


BRICS အဖွဲ့အစည်းရဲ့ လက်ရှိဥက္ကဌတာဝန်ယူထားတဲ့ တောင်အာဖရိကက အဖွဲ့အစည်းတိုးချဲ့ခြင်း အဓိကအစီအစဉ်အဖြစ် အစည်းအဝေးပွဲကြီးတစ်ခုကို ယခုရက်သတ္တပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပါတယ်။

 

BRICS Sherpa အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဒါဘန်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးများနဲ့ ခေါင်းဆောင်များ တင်ပြတဲ့ တိုးချဲ့စာတမ်းအပြီးသတ်ရန် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။

 

အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများဟာ BRICS တိုးချဲ့ရေးအတွက် လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများချမှတ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အဖွဲ့ထဲဝင်ရောက်ရန် တရားဝင်တောင်းဆိုထားတဲ့ နိုင်ငံ ၁၃ နိုင်ငံ၊ တရားမဝင်တောင်းဆိုထားတဲ့ ၆ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက BRICS ဖိုရမ်ရဲ့ အဖွဲ့ဝင်ဖြစ်လာရန် စိတ်ဝင်စားကြောင်း BRICS ခေါင်းဆောင်များထံ ဖော်ပြခဲ့ကြပါတယ်။

 

ဆော်ဒီအာရေဗီးယား၊ ယူအေအီး၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားက BRICS ထံ ပါဝင်ဖို့ စိတ်အားထက်သန်နေကြကြောင်း ထုတ်ဖော်ပြထားတယ်လို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး 'နာလေဒီပန်ဒေါ်'က WION နဲ့အင်တာဗျူးမှာ ထုတ်ဖော်သွားပါတယ်။

 

ပန်ဒေါ်က အဖွဲ့ဝင်ဖြစ်လာရန် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားမှုကို ဖော်ပြလိုက်ပြီး သင့်လျော်တဲ့စံနှုန်းများ ပုံဖော်ပြီးနောက် အဖွဲ့ဝင်အသစ်များအပေါ် ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

 

ကိပ်တောင်းမှာ မကြာသေးမီက BRICS နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုမှာ အာဖရိကနိုင်ငံများ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့ တက်ရောက်ခဲ့ကြပါတယ်။

 

BRICS ရဲ့ လက်လှမ်းမီမှု၊ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာစေရန် ဒီအစည်းအဝေးက ဖော်ပြနေပါတယ်။


၂၀၂၂ တရုတ် BRICS ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများက တိုးချဲ့လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

 

Sherpas ချန်နယ်မှတဆင့် လုပ်ငန်းစဉ်ချဲ့ထွင်မှုအတွက် လမ်းညွှန်မှုများ၊ စံနှုန်းများ၊ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ အပြည့်အစုံ တိုင်ပင်ဆွေးနွေးပြီး အများသဘောဆန္ဒအခြေခံကာ ရှင်းလင်းရန် လိုအပ်ကြောင်း အလေးပေးဖော်ပြကြောင်း ပူးတွဲထုတ်ပြန်ချက် ၇၃ မှာ ထုတ်ပြန်ထားပါတယ်။

 

၂၀၀၀ ခုနှစ်အစောပိုင်းများမှာ BRICS က ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ရဲ့ တက်သစ်စစီးပွားရေးနိုင်ငံများကို စုစည်းခဲ့ပါတယ်။

 

ထိုနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေ ၄၁ ရာခိုင်နှုန်းခန့် ပတ်သက်နေပြီး ကမ္ဘာ့ GDP ရဲ့ ၂၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှုမှာ ရှယ်ယာ ၁၆ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။

 

နှစ်တွေတလျှောက် BRICS နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု မောင်းနှင်အားများအဖြစ် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

 

Source: WION #World_News #အဖွဲ့ဝင်တိုးချဲ့ရေးကိစ္စဆွေးနွေး #BRICS
#Yangon_Time #YMG