#World_Health
Published 22 June 2023


လူ့ခန္ဓာကိုယ်ထဲမှာ HIV ပုန်းခိုနေနိုင်တဲ့နေရာကို သိပ္ပံပညာရှင်များဖော်ထုတ်နိုင်ခဲ့ပါတယ်။

 

ဦးနှောက်ထဲမှာရှိတဲ့ ခုခံအားဆဲလ်ဖြစ်တဲ့ မိုက်ခရိုဂလီယယ်ဆဲလ်များဟာ ဗိုင်းရပ်စ်ပေါက်ဖွားရာနေရာဖြစ်နိုင်ကြောင်း လေ့လာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။

 

မိုက်ခရိုဂလီယယ်ဆဲလ်တွေဟာ ဦးနှောက်အတွင်း ဆယ်စုနှစ်တစ်ခုခန့်သက်တမ်းရှိတဲ့ ကိုယ်ခံအားဆဲလ်များဖြစ်ပါတယ်။

 

HIV က ထိုဆဲလ်တွေထံကူးစက်ကာ အချို့က ငုပ်လျှိုးနေတဲ့အခြေအနေသို့ ကူးပြောင်းသွားတတ်ပါတယ်။

 

HIV ကုသဆေး ART တွေကိုရပ်ဆိုင်းလိုက်ပါက ဗိုင်းရပ်စ်က ငုပ်လျှိုးနေရာကနေ ပြန်လည်အသက်ဝင်လာနိုင်ပြီး HIV ကူးစက်မှုမှ AIDS သို့ ဖြစ်ပွားလာနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

 

အဆိုပါတွေ့ရှိမှုက HIV ကို လုံးဝပပျောက်အောင် ရှင်းထုတ်နိုင်စွမ်းရှိနေနိုင်ပါတယ်။

 

အရင်ကတည်းက ဒီလိုဖြစ်ရပ်ကို သံသယရှိနေပေမယ့် လူသားတွေမှာ လက်တွေ့သက်သေမပြနိုင်ခဲ့ကြောင်း၊ ဦးနှောက်ဆဲလ်တွေကို ခွဲခြားလိုက်ခြင်းဖြင့် ဗဟိုအာရုံကြောစနစ်ကို ပိုမိုလေ့လာနိုင်ပြီး HIV ပပျောက်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း စာတမ်းပြုစုသူ'ယူယန်တန်'က ပြောပြပါတယ်။

 

ဦးနှောက်ရှိ HIV ဗိုင်းရပ်စ်က များသောအားဖြင့် ပုန်းကွယ်နေတတ်ကာ HIV ပျောက်ကင်းအောင်ပြုလုပ်ဖို့ အလွန်ခက်ခဲပါတယ်။

 

ဦးနှောက်အတွင်းရှိ HIV ဟာ ကိုယ်ခံအားကင်းရှင်းမှုမှ ပွားများပြီး ဖုံးကွယ်ဖို့ထူးခြားတဲ့လက္ခဏာများ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ သံသယရှိပါတယ်။

 

ဦးနှောက်အခန်းကဏ္ဍမှာ HIV အခိုင်အမာရှိရာနေရာအဖြစ် ဖော်ပြနေပြီး ဗဟိုအာရုံကြောစနစ်မိုက်ခရိုဂလီယယ်ဆဲလ်များအတွင်း ဗိုင်းရပ်စ်ဆက်ရှိနေခြင်းကို ဖြေရှင်းရန် သုတေသနကဖော်ပြနေပါတယ်။

 

အနာဂတ်မှာ ခန္ဓာကိုယ်တွင်းရှိ အခြားနေရာတွေမှာ HIV ဖြစ်ပေါ်ခြင်းကိုထိန်းချုပ်ရာ အဓိကလမ်းကြောင်းကနေ ဦးနှောက်အတွင်း ငုပ်လျှိုးနေတဲ့ HIV ကိုမထိခိုက်စေကြောင်း သိရှိရန်ရည်ရွယ်ပါတယ်။

 

ဦးနှောက်အတွင်း HIV ပုန်းခိုရာနေရာရဲ့ တကယ့်အရွယ်အစားကိုလည်း သိရှိနိုင်ရန် လေ့လာနေကြပါတယ်။

 

Source: The Jerusalem Post #World_Health #HIVသည်ဦးနှောက်ထဲတွင်ပုန်းလျှိုနေနိုင်
#Yangon_Time