#World_Climate
Published 22 June 2023


ရာသီဥတုပြောင်းလဲမှုများကြောင့် ဥရောပမှာ နောက်ထပ်အန္တရာယ်ရှိအပူလှိုင်းဒဏ်များ ပိုမိုခံစားရနိုင်ပြီး ကမ္ဘာမှာ ပူနွေးလာမှုအမြန်ဆုံးတိုက်ကြီးဖြစ်လာနိုင်ကာ ယမန်နှစ်ကဆိုရင် စက်မှုခေတ်မတိုင်မီအချိန်တွေကထက် အပူချိန် ၂.၃ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်လာခဲ့ပါတယ်။

 

အပူချိန်မြင့်တက်လာခြင်းက မကြုံစဖူးရေခဲမြစ်များ အရည်ပျော်ခြင်းနဲ့ သီးနှံများညှိုးနွမ်းစေလောက်တဲ့ မိုးခေါင်ခြင်းတို့ဖြစ်စေကာ ပင်လယ်ရေမျက်နှာပြင် စံချိန်တင်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ဥရောပသမဂ္ဂ Copernicus ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်အရေးအဖွဲ့တို့က တင်ပြခဲ့ပါတယ်။

 

၁၉၈၀ ပြည့်နှစ်ကျော်ကတည်းက ဥရောပဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် နှစ်ဆပိုပူနွေးလာခဲ့ပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဗြိတိန်တို့လိုနိုင်ငံတွေမှာ ယမန်နှစ်က အပူနွေးဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

 

၁၈၀၀ အလယ်ပိုင်းနှစ်တွေကတည်းက ကမ္ဘာကြီးဟာ ပျမ်းမျှ ၁.၂ ဒီဂရီခန့်ပူနွေးလာခဲ့ပြီး ရာသီဥတုဒဏ်ပိုမိုပြင်းထန်လာကာ မိုးခေါင်မှုများ၊ ပိုမိုပြင်းထန်တဲ့အပူလှိုင်းများနဲ့ မုန်တိုင်းများဖြစ်ပေါ်လာပြီး ပင်လယ်ရေများ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာပါတယ်။

 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေနဲ့ အထိခိုက်လွယ်ဆုံးလူတွေဟာ အထိခိုက်နိုင်ဆုံးဖြစ်လာနိုင်ပါတယ်။

 

ရာသီဥတုပြောင်းလဲမှုဒဏ်က ကမ္ဘာတဝှမ်းမှာ အတော်လေးပြင်းထန်နေကာ မြောက်ပိုင်းနဲ့ ဝင်ရိုးစွန်းဒေသတွေမှာ အလျင်အမြန်ပူနွေးလာပါတယ်။

 

ဥရောပမှာ ၁၉၉၁ မှ ၂၀၂၁ အတွင်း နှစ်ပေါင်း ၃၀ အတွင်း အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်မြင့်တက်ခဲ့ကြောင်း ၂၀၂၂ ဥရောပရာသီဥတုအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

 

ယမန်နှစ်က ဆိုးရွားလှတဲ့အပူချိန်ကြောင့် လူပေါင်း ၁၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး ရေလျှံခြင်းနဲ့ မုန်တိုင်းတို့ကြောင့် ပျက်စီးမှုပေါင်းဒေါ်လာ ၂ ဘီလီယံခန့်ရှိခဲ့ပါတယ်။

 

အပူချိန်မြင့်တက်လာခြင်းကြောင့် စီးပွားရေးနဲ့ ဂေဟနစ်များထိခိုက်နစ်နာခဲ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ပူပြင်းတဲ့နွေရာသီ၊ ဆောင်းရာသီဆီးနှင်းအလွန်နည်းပါးခြင်း၊ လေတိုက်ပြီး ဆာဟာရဖုန်မှုန့်များအနည်ကျခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် အဲလ်ပ်တောင်တန်းရှိရေခဲမြစ်များ စံချိန်တင်ရေခဲဆုံးရှုံးမှုဖြစ်ထားပါတယ်။

 

လွန်ခဲ့တဲ့နှစ် ၃၀ အတွင်း ဥရောပမှာ လေတိုက်ခြင်း၊ မိုးရွာသွန်းမှုပုံစံများ သိသာထင်ရှားစွာဖြစ်ပေါ်ခြင်းမရှိပေမယ့် နေရောင်ခြည်သိသိသာသာများလာပြီး ၂၀၂၂ မှာ ဓာတ်ရောင်ခြည်ပမာဏအများဆုံး ဖြစ်ခဲ့ပါတယ်။

 

Source: WION #ရာသီဥတုအစီရင်ခံစာ #ကမ္ဘာပေါ်တွင်အမြန်ဆုံးပူနွေးလာသည့်နေရာဖြစ်နေကြောင်း
#YMG #Yangon_Time