#World_Science
Published_ 18 June 2023

လူသားများအနေနဲ့ အင်္ဂါဂြိုဟ်လိုမျိုး အာကာသသို့ခရီးဝေးသွားတဲ့အခါမှာ အချို့ကောက်ပဲသီးနှံများ စိုက်ပျိုးရန်လိုပြီး အာကာသထဲမှာ အပင်များကြီးထွားပုံကို နားလည်ရန်လိုအပ်ပါတယ်။

ဒီအတွက် နာဆာ(NASA)က ၂၀၁၅ ခုနှစ်ကတည်းက အာကာသထဲမှာ ပန်းပင်များစိုက်ပျိုးခဲ့ပြီး နာဆာအာကာသယာဉ်မှူး'ရှဲလ်လင်ဂရင်'က အသက်သွင်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအာကာသစခန်းမှာ မျိုးစေ့ချစိုက်ပျိုးထားတဲ့ ဇီနီယာအပင်ပွင့်လာတဲ့ပုံကို နာဆာက ဖော်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ၁၉၇၀ ခုနှစ်များကတည်းက အာကာသအတွင်းရှိအပင်များကို လေ့လာခဲ့ပေမယ့် ဒီစမ်းသပ်ချက်ကိုတော့ ရှဲလ်လင်ဂရမ်က ၂၀၁၅ ကစတင်ခဲ့ပါတယ်။

နိုင်ငံတကာအာကာသစခန်းမှာ ဆလတ်၊ ခရမ်းချဉ်သီး၊ ငရုတ်ပင်များစိုက်ပျိုးထားပြီးဖြစ်ပြီး နောက်ထပ်အပင်များ ထပ်စိုက်ဦးမှာဖြစ်ပါတယ်။

ဒီလိုအာကာသဥယျာဉ်ကို နိုင်ငံတကာအာကာသစခန်းမှ တီထွင်ခဲ့တာဖြစ်ပြီး ကြီးထွားလာနိုင်ချေကို ဖော်ပြနေပါတယ်။

ဇီနီယာပန်းပွင့်တဲ့လုပ်ငန်းစဉ်က ဆွဲငင်အားအလွန်နည်းပါးတဲ့နေရာမှာ အပင်တွေဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို ပိုမိုနားလည်လာစေရန် အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။

ဝေးလံတဲ့အာကာသတာဝန်တွေထမ်းဆောင်ရန် အာကာသယာဉ်မှူးများအတွက် လက်တွေ့လုပ်ကိုင်နိုင်ရန် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

အဆိုပါဓာတ်ပုံကြောင့် သိပ္ပံပညာဝါသနာရှင်များအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး အများအပြားမှတ်ချက်ပေးခဲ့ကြပါတယ်။
Source: WION
#YMG #Yangon_Media_Group